♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

မို့............သို့


မို့..... သို့


ရင်ထဲမှာ ...

မင်းအသံလှိုင်းလေးတွေ လှုပ်ခတ်

အိပ်မက်က တီးတိုးရွတ်ဆိုမိ

ငါမရင်းနှီးတဲ့

မင်းနာမည်လေးတစ်ခုပေါ့

မို့........ ရေ....


အမှတ်တရ မရှိလို့လဲ

သတိမရမိဘူး.

စိတ်ကူးထဲမှာတော့

မသောက်ပဲမူးတဲ့

အရူးမီးဝိုင်း ကံ့ကော်တွေ

ကြွေပဲ ကြွေကျတော့မလို

ဝေပဲ ဝေပြတော့မလိုနဲ့

ဒီသီချင်းကို ငါဆက်မဆိုတော့ဘူး မို့.


ခဏလေးအုံ့မှိုင်းသွားတဲ့

င့ါနှလုံးသားမှာ

ခပ်ပါးပါး တိမ်တိုက်တစ်ချို့ကတော့

ငိုဖို့ပြင်ကောင်းပြင်နေပါလိမ့်မယ်.

မြက်ရိုင်းလေးတစ်ပင်

စိမ်းလန်းနေတာမြင်တော့လဲ

ကောင်းကင်က မျက်ရည်သိမ်း

ငါပဲ သူစိမ်းဆန်ခဲ့မိပါတယ်.


မို့ ....... ရေ

ငါတို့တစ်တွေ

ဟောဒီတစ်မိုးအောက်မှာ

အတူနေတယ်

(ဒါပေမယ့်......)

မင်းခြေလှမ်းတွေရဲ့ ဟိုးတစ်ဖက်ကမ်း

ငါ လှမ်းလို့မမြင်နိုင်သလို

ငါ့ကမ္ဘာရဲ့ အိပ်မက်လမ်း

မင်းလဲ လွမ်းလိမ့်မယ်မထင်ပါဘူး


ဖြစ်သင့်တဲ့ အတိုင်းပဲပေါ့

ငါတို့ ဘ၀တွေက

သွေးအေး......

မှတ်တမ်းရေးဖို့ ဆိုတာလဲ

နင်..... နဲ့ ....... ငါ

ဟိုးအဝေးကြီးမှာပါ မို့ ရယ်.





♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

© All Rights Reserved. ကဗျာချစ်သူ