♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

ကဗျာချစ်သူ

ကဗျာချစ်သူ

ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။

ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

Read Users' Comments (0)

နှင်းနဲ့အတူ








နှင်းနဲ့အတူ

နှင်းနဲ့အတူ



နွေရယ် မိုး ဆောင်း
ပြောင်းလည်းနေတဲ့
ပြည်မြန်မာရဲ့
ရာသီစက်ဝန်းများထဲ
ဆောင်းရာသီကိုတော့
အချစ်ဆုံးပဲ။

ဒီဆောင်းမှာမြူး
ချစ်ဦးသူနဲ့ပျော်ခဲ့ဖူးတယ်။

ဒီနှင်းတွေကြား
တီးတိုးစကားတွေဆိုထားဖူးတယ်။

မြူတွေဆိုင်းတဲ့
ဒီမနက်ခင်းတိုင်း
ချစ်သူကိုမှန်း လွမ်းခဲ့ဖူးတယ်။

ခုတော့လည်း
ဒီဇင်ဘာရဲ့နှင်းတွေနဲ့အတူ
ဆိုဖူးခဲ့တဲ့စကားတွေ
ပျော်မြူးခဲ့တဲ့အတိတ်တွေ
မြူတွေနဲ့အတူလွမ်းဖူးတာတွေ
ဆောင်းနေခြည်အောက်မှာ
ပျောက်ဆုံးခဲ့ရှာလေပြီ။

Read Users' Comments (0)

ဘ၀ရဲ့ပုံရိပ်



ငါ့ဘ၀ရဲ့နေ့သစ်တွေမှာ
မရေရာတဲ့မင်းပုံရိပ်တွေက
အာရုဏ်ဦးလို
မသဲကွဲတဲ့မင်းသံစဉ်တွေက
ညနေဆည်းဆာလို
မဖြစ်နိုင်တဲ့မျှောင်လင့်ချင်တွေကတော့
နေ၀င်ကောင်းတုန်း.........
မနိုင်မှန်းသိရက်နဲ့
ဒီစစ်ကိုငါကိုယ်တိုင်ခင်းခဲ့တယ်
ပြဌန်းခဲ့တယ်...ကြေငြာခဲ့တယ်
ရှုံးနိမ့်ခြင်းတွေဆိုတာ
ငါ့ကျင့်သားရပြီးသားတွေ..........
မင်းပျော်နိုင်ဖို့ဆိုရင်
စေလိုရာစေပါ
ညွှန်လိုရာညွှန်ပါ
အဲဒါတွေကငါ့နေ့သစ်ရဲ့
ရောင်စဉ်တန်းအလှတွေ.........
ငါ့နှလုံးသားနှုတ်ခမ်းလွှာတွေ
သွေးစို့အောင်ကိုက်ထားမယ်
ကြည့်ခွင့်မရသေးတဲ့မျက်ဝန်းတစ်စုံက
အကြည့်စိမ်းတွေ
ခံစားခွင့်မရသေးတဲ့ရင်ခွင်တစ်စုံက
ဒေါသစည်းချက်တွေ
ငါ့ကိုခါးသက်စေတဲ့အွန်လိုင်းပေါ်က
ကြက်ခြေခတ်လက္ခဏာတွေ
ကျင့်သားမရသေးလို့ချစ်သူ.........
ငါမဟုတ်တဲ့ငါ့လိုရင်ခွင်မှာ
ချစ်သူနေပျော်ပါစေ
ချစ်သူနေတတ်ပါစေ
ချစ်သူနေနိုင်ပါစေ
ဒါပေမယ့်....
တစ်ဖက်သတ်မှာ
အချစ်စစ်ရှိတတ်တာလဲ
မင်းသိနိုင်ပါစေ........






Read Users' Comments (0)

စိန်ခေါ်ပါ

မြင့်မြင့်ကြံ
အသစ်တွေ့စမ်းသပ်
အမြဲတမ်းကြိုးစား
ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်


ကိုယ့်ကိုယ်ကိုယ် အားကိုး
စိတ်ကူးယာဉ် နန်းတော် ဆောက်
သို့သော် အရှိဘ၀မှာ နေထိုင်
တွဲလုပ်


ယဉ်ယဉ်ကျေးကျေး လေးလေးစားစားရှိပါ
လုပ်သင့်တာလုပ်
နာမည်ကောင်း ကိုထိန်းသိမ်း
မျှမျှ တတရှိပါ


လုပ်သာလုပ်
အဖြစ်ကိုတွေးပါ ။ အပျက်ကိုမတွေးပါနဲ့
ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ
ရည်မှန်းချက် ပန်းတိုင် တွေ့ထားပါ
ပျော်ပါစေ
ကွဲပြားခြားနားအောင်လုပ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
သစ္စာရှိပါ
ဘ၀ကို ပြည့်ပြည့်၀၀နေ





ကိုယ်ကိုကိုယ်စိတ်ခေါ်ပါ

Read Users' Comments (0)

အပြာရောင်ချစ်ခြင်း






ကောင်မလေးရေ............
မင်းကိုချစ်လို့
ကျွမ်းမယ်ဆိုလည်း
ငါ...နှလုံးသွေး
ဆွေးမြေ့စေတော့
ရင်ထဲမှာလေ
မင်းတစ်ယောက်ပဲ ချစ်နေမယ်...။
မင်းကိုချစ်လို့
လွမ်းမယ်ဆိုလည်း
ငါ...စိတ်တွေဝေ
တမ်းတနေစေ
မင်းကိုပဲလေ...။
မင်းကိုချစ်လို့
ရက်စက်ခဲ့လည်း
ငါ...နှလုံးထက်
သွေးစက်လက်ထွက်ပစေ
ငါလေ အပြုံးနဲ့
ခွင့်လွှတ် အုံးမယ်...။




Read Users' Comments (0)

လိပ်ပြာ



ကြည့်လေရာ...မျက်စိတဆုံး
နှင်းအတိဖုံးတဲ့...ဒီလွင်ပြင်ကြီးထဲ
ခြေလျင်သွားတဲ့သူတချို့
စွတ်ဖားလှည်းနဲ့ကတချို့
သွားနေခဲ့ကြ။
ခြေလျင်သမားရဲ့နောက်မှာ
ခြေရာ...
စွက်ဖားလှည်းရဲ့နောက်မှာ
လှည်းရာ...
ဘယ်မှာ...ဖျောက်လို့ရနိုင်မလဲ။
အချိန်နဲ့အမျှ
အကြိမ်ကြိမ်ကျတဲ့...နှင်းအောက်မှာ
ပျောက်ဆုံးခဲ့...အရာရာ
လိပ်ပြာ...ဒါပါပဲ။
တချိန်က...ဒီနှင်းအောက်မှာဘာရှိခဲ့တယ်ဆိုတာ...။


ဝန်ခံချက်။ ။တရာမင်းဝေ၏ ၀တ္ထုခေါင်းစဉ်းအားခံစားရေးဖွဲ့ပါသည်။





Read Users' Comments (0)

ရည်းစားရှိသူနဲ့ မရှိသူတွေရဲ့ အားသာချက်၊ အားနည်းချက်များ

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်


(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း


(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း


(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း


(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း


(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း


(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း


(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း


(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား

အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက

နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း


(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း

(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)


(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။





လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်




(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ

စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း


(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ

သန့်ရှင်းမှု ရှိခြင်း


(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို
မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

Read Users' Comments (0)

ကောင်မလေးရေ........

ကောင်မလေးရေ...
ညာနေမှန်း သိရက်နဲ့
ယုံနေမိတယ်။။။။။။။။။။။။။။။။။
လှည့်စားမှန်း သိရက်နဲ့
အပြစ် မယူခဲ့။။။။။။။။။။။။။။
ဟန်ဆောင်မှန်း သိရက်နဲ့
ဆက် ချစ်ခဲ့တယ်။။။။။။။။။။။။
မုသားတွေမှန်း သိရက်နဲ့
မုန်းလို့ မရခဲ့။။။။။။။။။။။။။
စွန့်လွှတ်ဖို့ အခါခါကြိုးစားလည်း
အကြိမ်ကြိမ် ရှူံးနိမ့်တယ်။။။။။။။။
မေ့ပစ်ဖို့ အခါခါကြိုးပမ်းလည်း
တိုးတိုးပြီး သတိရခဲ့။။။။။။။။။။။
ကောင်မလေးရယ်..........
မင်းအကြောင်းကိုတွေး
သတိရနေရင်းပြီး
အမုန်းကို မကြိုဆိုနိုင်ပြီမို့
ရူးမိုက်တယ်ပြောလည်း
မင်းအတွက် အချစ်တွေကို
ဒီရင်မှာ သိမ်းထားချင်သေးတယ်။။။။။။။။။။။။။




တစ်ခွန်းတည်းပဲ ပြောချင်တယ်ကောင်မလေးရေ သိပ်ချစ်နေမိတယ်ကွာ!!!!!!!!!!!!!!! ကျေးဇူး ..ခံစားပေးလို့..............zawko

Read Users' Comments (0)





Read Users' Comments (0)

နင့်ကိုငါသတိရနေတယ်


















Read Users' Comments (0)

သို့...မြတ်နိုးသူ





Read Users' Comments (0)

စာမေးပွဲ ကျတဲ့နေ့



အဲဒီနေ့က ...
သုညတွေ မွန်းကျပ်နေကြတယ် ...။ မျက်လုံးပေါင်းများစွာ ၀မ်းသာ ၀မ်းနည်း ကြေကွဲ ဆွေးမြေ့ ပျော်ရွှင် ကြည်နူး ငါ့အိပ်မက်တွေ ရေဖြစ်တဲ့နေ့ ... ငါ့ကျိန်စာတွေ သီချင်းလုပ်ဆိုတဲ့နေ့ ...။ အမှိုက်အိတ်ကြီးလို ခံစားရတယ် ... အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။
ငါက ဖိနပ်တစ်ဖက်လား?
ဖျာတစ်ချပ်လား?

ဓါးတစ်ချောင်းလား?
ဂစ်တာတစ်လက်လား?

မိုးတိမ်တစခုလား?
ကြယ်တစ်စင်းလား?

အဲဒီနေ့က ငါ့စိတ်တွေ မရေမရာနဲ့
ရေရေရာရာပဲ အောက်ဆုံးကို လွှင့်မျှောပြုတ်ကျ ...။ ငါဘာမှားလို့လဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင် ကံကြမ္မာက ကျယ်လွန်းတယ်။ ဘုရားသခင်က ကြွေအံ မကစားပေမယ့် အဲဒီနေ့က နတ်ဆိုးတွေ နိုင်သွားကြတာ သေချာပါတယ်။ ။

Read Users' Comments (0)

အချိန်လွန် နှင်းဆီ


















ရင်ခုန်သံတွေရဲ့ ပထမဆုံးခြေလှမ်း
တစ်လှမ်းတည်းလဲ နယ်ကျွံတယ်
ချစ်သူရဲ့...

စံပယ်လို အပြုံး
သံယောဇဉ်တွေ ချည်ထုံးခဲ့ပြီလေ

ငါ့အခန်းရှေ့က
မျက်ဝန်းလှလှလေးရဲ့ ခြေရာ
ဟောဒီလို ဆည်းဆာတွေတိုင်း
စောင့်မျှော်နေခဲ့ပေါ့

ချစ်သူရဲ့ ဦးထိပ်ထက်က
ပိတုန်းရောင်တွေ
ညရဲ့လေပြေမှာ ၀ဲပျံတဲ့အခါ
မပိုင်သူရဲ့ဝေဒနာ
ဖြေစရာ မျက်ရည်တွေပဲပေါ့

ကောင်းကင်ရဲ့ အလင်းကို
ရင်ဘတ်ကျဉ်းကျဉ်းထဲ
ဆွဲမခေါ်ရက်ပါဘူး.
အဝေးကြီးကနေ မြတ်နိုး
ငါစိုက်ပျိုးခဲ့တဲ့သစ်ပင်ကို
ငါပဲ ပျိုးပါရစေ....... ချစ်သူ.

အဲဒီလိုနဲ့...
ချစ်သူနဲ့ အနီးဆုံး
မမြင်ကွယ်ရာမှာ
သေနေတဲ့ ကမ္ဘာတစ်ခုဖန်ဆင်းခဲ့မိတယ်.

ငါ့ရင်ခွင်ဘယ်ဘက်အခန်းထဲက
အလွမ်းဖွဲ့တဲ့ ဝေဒနာတွေရဲ့တေးသွား
ကြားနိုင်မလား.... ချစ်သူ ရယ်.
ကိုယ့်သံယောဇဉ်အတိမ်အနက်
ကိုယ်ပြန်တိုင်းရင်း
အရာရာ နုံချာလွန်းတဲ့ဘဝ
ဆွံ့အသလိုနေတတ်ခဲ့ပါပြီ.

အချိန်ရဲ့တိုက်စားမှုနဲ့
ဆုတ်ဖြဲခံလိုက်ရတဲ့
အိပ်မက်ကို ရှင်လျက်သေစေခဲ့ပေါ့
ငါမြတ်နိုးတဲ့ ပိတုန်းရောင်တွေမှာ
အမိုးပြာပြာကလေး
အုပ်မိုးပေးသူရှိခဲ့ပြီ
ငါစွဲလမ်းတဲ့
လေးညှို့နှုတ်ခမ်းတွေမှာ
အနမ်းလိပ်ပြာတွေရစ်ဝဲခဲ့ပြီ
ချစ်သူရေ...
မင်းခြေလှမ်းတွေ ဟောင်းမသွားပေမယ့်
ငါ့မျှော်လင့်ချက်တွေ နှောင်းသွားခဲ့ပြီ.

အဲဒီလိုနဲ့...
လပြည့်ညတွေမှာ
တစ်ယောက်တည်းကြီးပြင်း
ငါ့ဘ၀ အလင်းမဲ့ခဲ့ပြီ..... ချစ်သူ.

ငါ မြတ်နိုးတဲ့ နှင်းဆီ
နှင်းဆီမြတ်နိုးတဲ့ ကြင်နာသူ
မင်းတို့လက်တွေ မခွဲအတူရှိနေနိုင်ပါစေ.

အခုတော့....
အခန်းရှေ့က
ကြင်နာသူရဲ့ စွယ်တော်လမ်းကလေး
လွမ်းလွမ်းဆွေးဆွေးပဲ
ငေးကြည့်ဖြစ်ခဲ့တယ်.

ဆိုင်သူမသိခဲ့တဲ့
ရင်ထဲက သံယောဇဉ်ကိုတော့
တစ်သက်လုံးအတွက်
သော့ခတ်လို့သိမ်းထားဖြစ်ခဲ့ပြီ....

နှင်းဆီရေ....
ပန်သူမရှိမှ ရဲရဲနီတဲ့
ရင်ထဲက နှင်းဆီသစ်ပင်လေးအကြောင်း
နောင်ဘ၀မှပဲ...
စာလုံးပေါင်းပြပါတော့မယ်...... ချစ်တဲ့ နှင်းဆီ.


Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

!!!!ချစ်သူ!!!!

အရမ်းကောင်းတဲ့ကဗျာလေးပဲဗျာ Book Planet ထဲကကူယူထားတာပါ



!!!!ချစ်သူ!!!!

နှူတ်မဆက်ပါနဲ့ဦးနော်
မင်းနဲ့တီးတိုးစကားတွေပြောမ၀သေးလို့
ကယောက်ဂယက်ငါ့စိတ်တွေက
လွမ်းရတဲ့အတိတ်ကိုတမ်းလို့ပေါ့
လွမ်းရတဲ့ငါ့အဖြစ်တွေကို
မင်းမြင်စေချင်လိုက်တာကွာ
ငါ့ကိုပြင်စေချင်တဲ့အကျင့်တွေ
ဘာမှမရှိတော့ဘူး ချစ်သူ
နှူတ်မဆက်ပါနဲ့ဦးနော်
ရုတ်တရက်ဆိုငါ့မှာ
မပြင်ဆင်နိုင်သေးလို့ပါ
အရင်လိုမြင်နေနိုင်ချင်သေးတယ်
နင်နေထိုင်တဲ့နေရာလေးဆီ
ငါအရောက်လာခဲ့မှာပါချစ်သူ……………..
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းပုံရိပ်တွေမပျက်ပြယ်နိုင်သေးလို့
မင်းဆိုနေကျသီချင်းတွေပြန်ကြားတိုင်း
ခံစားရတဲ့ငါ့စိတ်တွေသိပ်လေနေပြီ
ကြိတ်ဖြေစရာဘာမှမရှိတော့ဘူး
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းနဲ့အတူတူရှိနေဖူးချင်သေးလိုပါ
နှူတ်မဆက်ပါနဲ့ဦးနော်
ချစ်သူရယ်………………!!!!!



ဆန္ဒနဲ့ဘ၀တထပ်တည်းဖြစ်ကြပါစေဗျာ.......................zawko

Read Users' Comments (0)

ပြော








ကိုယ့်အတွက်တော့ .........
သတိရခြင်း

တမ်းတခြင်း
လွမ်းရခြင်း
မျော်လင့်ခြင်း တွေနဲ့
ကိုယ့်ဘ၀က မင်းပါ...... ကောင်မလေးရယ်....


Read Users' Comments (0)

အဖြည့်ခံ ချစ်သူ

ချစ်သူရေ
နောင်တစ်ချိန်မှာများ
ငါ့ရဲ့လက်တစ်စုံဟာ
မင်းအိပ်မက်ကို ပုံဖော်နိုင်စွမ်း မရှိတဲ့အခါ
မင်း....... ထွက်သွားပါ

ငါ့ရဲ့ ရင်ခွင်တံတိုင်းဟာ
မင်းဘ၀ကို ကာရံနိုင်စွမ်းမရှိတဲ့အခါ
မင်း...... ထွက်သွားပါ

ငါ့အချစ်ရဲ့ ရင်ခုန်သံ
မင်းရဲ့သောကကို ကုစားနိုင်စွမ်း မရှိတဲ့အခါ
မင်း... ....ထွက်သွားပါ

ငါကတော့....
မင်းနှလုံးသား တစ်ရပ်စာမြင့်တဲ့
ချစ်သူကို မြတ်နိုးခွင့်ကလေးနဲ့
ဖြည့်ဆည်းပေးနေပါရစေဦး

ငါတို့နှုတ်မဆက်ခင်စပ်ကြား
အလွမ်းတွေအခါးပေါ့အောင်
သင်ပေးခဲ့ပါဦးကွယ်

ငါ ပြီးပြည့်စုံနေသမျှ
မင်းဘ၀ကို
အလှဆုံးဆေးခြယ်
လူတကာအလယ်မှာ
ချစ်သူမျက်နှာမငယ်စေချင်ရုံကလေးပါ

မြေကြီးကမွေးဖွားခဲ့တဲ့
ကြယ်တစ်ပွင့်
မြေပြင်ပေါ် ပြန်ကြွေလွင့်ရမယ့်အခါ
ငါ့ကို ....
မင်းအနားကထွက်ခွာခွင့်ပြုပါ ချစ်သူ

ဒါမှမဟုတ်
ငါ့အနားက မင်းထွက်သွားပေးပါကွယ်

မင်းအလှကိုမြင်ခွင့်ရရုံ
ငါ ရင်ခုန်ခဲ့တာ မဟုတ်ရပါဘူး
မင်းရဲ့တစ်ဘ၀စာ ရိုကျိုး
ငါ့ရင်ကို အုပ်မိုးစောင့်ရှောက်ချင်ခဲ့တာပါ

ဒါပေမယ့် ချစ်သူရယ်
ကံကြမ္မာဆိုတာ
တရံတစ်ခါပဲ ကောင်းတတ်သလို
အချိန်တန်လို့
နေရာမှန် ပြန်တဲ့ခရီးမှာ
လောကဓံ ဆိုတဲ့အရာကို
မင်းခံနိုင်စွမ်းပါ့မလား

အချစ်နဲ့ကျော်လွှားမယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားကပြောလာစေဦး
မင်းအမုန်းကိုပဲ ခံယူပါရစေ..... ချစ်သူ

နှာခေါင်းပေါက်ချင်းအတူတူ
အသက်ဝအောင် မရှူရတဲ့ဘဝ
မင်းနေသားကျမှာ မဟုတ်လို့ပါ.......

အဲဒီလိုတစ်နေ့ဆိုတာ
ဖြစ်လာတဲ့အခါ
မင်း နေရစ်ခဲ့ပါ
ချစ်သူရယ်.........

မင်းဘ၀ထဲကို
အလည်တစ်ခေါက် ရောက်တယ်လို့
အမှတ်ရပေးတယ်ဆိုရင်ပဲ
ငါ.......
လမ်းခွဲရကျိုးနပ်ခဲ့ပြီ.......

ချစ်သူရေ.....
အချစ်ကို အချိန်နဲ့ကုစား
မင်း ငါ့ကိုမေ့သွားမှာပါကွယ်.....

အဲဒီလို.......
တစ်နေ့နေ့ရဲ့.......
တစ်ချိန်ချိန်ဆိုတာတော့........
........................
........................
........................
ဟောဒီဆောင်းက
အချမ်းပေါ့လွန်းတယ်........ ချစ်သူ.



Read Users' Comments (0)

ကောင်မလေး အတွက်







ချစ်တဲ့ ကောင်မလေးရေ....
ရွက်ကြွေတွေ အထပ်ထပ်နဲ့
မျက်ရည်စက်လက် လွမ်းတဲ့ နွေ
ရင်ထဲမှာ ရှည်လွန်းလိုက်တာကွယ်၊ ၊

ချစ်တဲ့ ကောင်မလေး ရေ...
နှလုံးသားရင်ခွင်တံတိုင်းက
မုန်တိုင်းကိုသာ ကြံ့ကြံ့ခံနိုင်ခဲ့တာပါ
မင်းနှုတ်ဖျားက စိမ်းကားတဲ့
လေပြေစကား ......
ခပ်ပါးပါး ထိရုံနဲ့ ပြိုကျသွားလိမ့်မယ်။ ။

ချစ်တဲ့ ကောင်မလေး ရေ.
နင်လှည့်ပြန်သွားတဲ့ ည
ငါ့ညတွေ ခါးသီးလိုက်တာ
စံပင်ပင် ကိုင်းဖျားမှာ
ငါ့အမှားတွေ စုရုံး
ငါပဲ ကျဆုံးခဲ့ရတာပါ ကောင်မလေး ရယ်။ ။

ချစ်တဲ့ ကောင်မလေး ရေ.
အချိန်မလွန်သေးတဲ့ နောင်တ
ငါတို့ရဲ့ အတိတ်ကအမှောင်ညထဲမှာပဲ
ထားခဲ့ကြရအောင်ကွယ်.
ငါတို့နှစ်ယောက်ရဲ့ကြားမှာ
သံယောဇဉ်ဆိုတဲ့ တံတားလေး
လရောင် ဖွေးနေပါစေလား

အလွမ်းတလှည့် အနမ်းတလှည့်နဲ့
ချည်နှောင်ခဲ့တဲ့ ငါ့ရဲ့ သံယောဇဉ်
နင်မြင်ကြည့်လှည့်ပါ ကောင်မလေး ရယ်.

မျက်နှာလွှဲလို့ ထွက်သွားတော့မလား
နားလည်တတ်ရင် ပြန်ခဲ့ကွယ်.
ရင်ထဲမှာ အမြစ်တွယ်ခဲ့တဲ့သစ်ပင်
မင်း ရင်ခွင်ကို စောင့်နေမယ်.

ရှင်သန်ချိန်ဆိုတာ မသိသလို
ပြန်လာချိန်ဆိုတာလဲ မရှိဘူးကွယ်
ဝင်လာမယ်ဆိုရင် အလိုက်သင့်
ငါ့ရင်ကို တွန်းဖွင့်လိုက်ရုံပါ
ဒီဘ၀မှာ ....
ငါတွယ်တာခဲ့တာ
ကောင်းကင်ရဲ့ နတ်သမီး
ငါ့ရင်ထဲကို အလွမ်းမီးနဲ့လင်းစေတဲ့
လမင်း ဆိုတဲ့ နင်တစ်ယောက်ပေါ့ ကောင်မလေး ရယ်.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Read Users' Comments (0)

....... မေ.........




ဒီတစ်နေ၀င်လဲ မြင်နေဆဲပါ... မေ. ရင်ထဲမှာ အနေကြာလာတာနဲ့အမျှ ဘ၀က မင်းအတွက် လောင်းရိပ်မိခဲ့ပြီ.

ငါ့ရဲ့ အာရုံတွေကို စီးမိုး လျှပ်စီးမိုးကြိုးလိုပြင်းထန် လွမ်းမိတဲ့ ဒဏ်ကို ခါးစည်းခံပါ့မယ်... မေ.

မနေချင်တော့လဲ မတားရက် အလွမ်းကို... ငါ တရှိုက်မတ်မတ်တတ်မြောက်ခဲ့ပေါ့. မနှင်လိုပေမယ့်... မင်းကတော့ ထွက်သွားရက်ခဲ့ပြီလေ.

အိပ်မက်က အမျှင်မပြတ်သေးဘူး. မက်လို့ကောင်းဆဲပေါ့.....

သိပ်ချစ်တယ်...မေ.

မင်းမရှိတော့ အလင်းမဲ့ နွေတွေထဲ ငါ အသည်းကွဲပေါ့. အိပ်ယာဝင် ပုံပြင်တစ်ပုဒ်လို ဒဏ္ဍာရီဆန်ဆန် ငိုနေရဆဲပဲလေ.

နှလုံးသားက ပင့်သက်တစ်ချက်ရှိုက်တိုင်း သံယောဇဉ်က အရိုင်းဆန်ခဲ့ ငါ နားမယဉ်တဲ့ တေးသွား မင်းစကားတွေ ဖြစ်လို့.....မေ.

ငါ့အချစ်ရဲ့တန်ဖိုးကို သစ်စိမ်းချိုးချိုးပြီး ဈေးဖြတ် အဲဒါ... ရက်စက်တယ်လို့ ဆိုရမလား ငါ.... ဘာမှ မကြားချင်တော့ဘူး.....မေ.

သံသယမကင်းတဲ့ ချစ်ခြင်းနဲ့ ပြန်လှည့်လို့ကြည့်မနေနဲ့တော့......မေ. သေဆုံးသွားတဲ့ ငါ့ နှလုံးသားဇာတ်လမ်းကို အတိတ်က အခန်းထဲထားခဲ့လိုက်ပြီ.

ပြတိုက်မဟုတ်လို့တော့ လူမစည်ပါဘူး. ဒါပေမယ့် .... အနာဂတ်မှာ သူများထက်ထူးပြီး ရီနိုင်အောင်ကြိုးစားမယ်.

နင့်ကို မြတ်နိုးနေဆဲ သံယောဇဉ် အကြွင်းအကျန်တွေ ငါ သံသရာ မရှည်ချင်တော့ဘူး ငါ့နှလုံးသားအစိုင်အခဲကို ငရဲမီးထဲ ဆွဲမြှုပ် ငါ ကျောက်ရုပ်လိုပဲ နေတော့မယ်... မေ.
သိပ်မြတ်နိုးလို့ ဒဏ်ရာတွေများခဲ့တဲ့ နှလုံးသား အခုကစပြီး ရင်ထဲမှာ မထားတော့ဘူး.
ငါ.... တစ်ခုတော့တောင်းဆိုပါရစေ....မေ. ငါ မင်းကြောင့်တော့မရူးဘူး. ဒါပေမယ့်.... နင့်ကြောင့်ဆူးခဲ့တဲ့ ရင်ဝကဒဏ်ချက် သွေးမထွက်အောင်တော့လုပ်ပေးခဲ့ပါ .... မေ.
မင်းကြောင့်လည်ပတ်ခဲ့တဲ့ သွေးတွေ လူမမြင်စေချင်လို့ပါ..... မေ. ..........လူမမြင်စေချင်လို့ပါ.







Read Users' Comments (0)

ငါ့အချစ်ရဲ့ အလွမ်းမှတ်တမ်း





မနက်ခင်းတစ်ခုကို
ကန့်လန့်ကာဖွင့်လိုက်ကတည်းက
အလွမ်းနဲ့ စခဲ့ရတယ်.
တေးဆိုငှက်တစ်ချို့ရဲ့သာယာသံ
ရင်နံရံမှာ....
လွမ်းချင်းညည်းသလိုပဲ
နင့်ကို အမြဲသတိရတယ်.

နေထိပန်းကလေး တစ်ပွင့်
တစ်ဖျတ်ဖျတ် အားယူပွင့်ဝေနေပုံများ
ငါ့အနားမှာ နင်ရှိခဲ့တုန်းကလို
အပိုအလိုမရှိ ပြီးပြည့်စုံလွန်းပါတယ်
အဲဒီလိုနဲ့
တစ်ယောက်တည်းဆွေး
အတွေးရဲ့ခြေလှမ်းတွေက နယ်ကျွံ
အလည်လွန်ခဲ့တဲ့ နင့်အတွက်အချစ် တွေ
အိမ်ပြန်မရောက်နိုင်တော့ဘူးကွယ်

.

ယဉ်ယဉ်ကလေးပါပဲ
နင့်ရဲ့ခေါင်းတစ်ချက်အရမ်းမှာ
အနာဂတ်က လမ်းပျောက်သွားခဲ့သလိုပဲ
အိပ်မက်မျက်ဝန်းမှာ
ပုလဲဥ တို့ကွန်းခိုခဲ့ပြီ....

လာခြင်းမကောင်းခဲ့တဲ့ ငါ့အချစ်တွေအတွက်
မှတ်တိုင်တစ်ခုတော့ စိုက်ထူနိုင်ကောင်းပါရဲ့ကွယ်.

စံပယ်တွေ ကြယ်လိုဝေတဲ့ည
ငါ နင့်ကိုသတိရတိုင်း
ကဗျာအပိုင်းအစတွေနဲ့ စိတ်ဖြေမယ်

ချစ်မိသူရေ
အခု........ငါ
ဘရန်ဒီတစ်ခွက်
အလွမ်းတစ်စက်
ငါ့ ရင်ဘတ်နဲ့ နင့်အကြောင်းရေးမယ်
ငါ့...နင့်...ကို...လွမ်း...တယ်
အနာဂတ်ထဲက အတိတ်ရဲ့အလွမ်း
ငါ့ အချစ်ရဲ့မှတ်တမ်းပေါ့ကွယ်.





Read Users' Comments (0)

“ သူ “


ရင်ထဲမှာတစ်ထိတ်ထိတ်နဲ့

တိတ်တဆိတ်ပဲပျော်ဝင်
အခု ငါနာကျင်နေတာ
ကြင်နာမိတာ များခဲ့လို့..... ချစ်သူ.

အသွေးအသားတွေကို
ဗလောင်ဆူစေခဲ့တဲ့အလွမ်း
ငါ့..... အာရုံတွေ
အခန်းပျက်စေခဲ့ပေါ့....

တစ်ကနေပြန်စဖို့ကြံလိုက်တိုင်း
နင့်ကိုချစ်တဲ့ အချစ်စိတ်လှိုင်းတွေက
ကမ်းကမခွာနိုင်ကြဘူးတဲ့လား.
ငါပဲ မှားခဲ့ပါတယ် ...... ချစ်သူ

ချစ်သူရေ....
နင့်ရင်ခုန်သံ ၀ိုင်ချိုတစ်ခွက်နဲ့
ငါ့အိပ်မက်ကို အဆိပ်ခတ်သတ်သွားတဲ့ည
နောက်ထပ်...
ဘာကိုမှ ထပ်မရချင်တော့ပါဘူး

မနက်ဖြန်ဆိုတာ မရှိတော့သလို
အတိတ်တွေ ပြန်ရှင်သန်မလာတဲ့ ဘဝ
အခုခဏပဲ နာကျင်ပါရစေ.

ငါပိုင်ဆိုင်ခဲ့သမျှ
ဘ၀တစ်ခုမှာ
တစ်ကြိမ်တစ်ခါသာချစ်တဲ့ အချစ်
အဲဒီအချစ်ကို ဆွဲနှစ်ခဲ့တဲ့မင်း
သံသရာအဆက်ဆက် အပြစ်ကင်းပါစေ.

သူ့တစ်ယောက်ကိုမြတ်နိုးလို့
နှလုံးသားအခိုးခံလိုက်ရတဲ့သူ
ထာဝရ....
ကြည်ကြည်ဖြူဖြူ ချစ်နေပါတော့မယ်ကွယ်
ချစ်နေပါဦးမယ်.


Read Users' Comments (0)

ချစ်သော လမင်းမလေး



ချစ်တဲ့ လမင်းမလေး ရေ ငါလှမ်းသမျှ ခြေလှမ်း မင်းကို မလွမ်းတဲ့အခါ မရှိရပါဘူးကွယ်.

ဟောဟိုက ကောင်းကင်တစ်လျှောက် အစ...အလယ်... အဆုံး ငါ့မျက်လုံးကို ပိတ်ဖုံးထားတာ အမြတ်နိုးဆုံး မင်းရဲ့အပြုံးတစ်ခုပါ.

ချစ်တဲ့ လမင်းမလေး ရေ ချစ်လျက်နဲ့ဝေးနေခဲ့လည်း အတွေးထဲမှာ မင်းကွယ်ပျောက်သွားတဲ့အခါ မရှိရပါဘူး ကွယ်.

ဟိုရှေ့က ပေတစ်ရာလမ်းပေါ်မှာ အကြင်နာတွေကိုဖြန့်ခင်း ငါတို့ရဲ့ ဆုံဆည်းခြင်းကို သံယောဇဉ်တွေ ပေါင်းကူးပေးလိမ့်မယ်.
ချစ်တဲ့ လမင်းမလေး ရေ. ငါတန်ဖိုးထားတဲ့ မင်းရဲ့အကြင်နာလက်တစ်စုံကိုတွယ်ဖက် အနာဂတ်မှာ ရှေ့ဆက်ချင်တာ ငါ့ရဲ့ အမြင့်ဆုံးအိပ်မက်ပါကွယ်.

သတိရပေးပါ ချစ်သူ ရယ်. ကိုယ်ကတော့ မေ့လိမ့်မယ်မဟုတ်ဘူး.

ဒါပေမယ့် လမင်း ရယ်. တောင်ထိပ်မှာ တိုက်တဲ့လေညင်းနဲ့ တောင်ခြေမှာတိုက်တဲ့လေညင်း သတိရပုံခြင်းတော့ ကွာလိမ့်မယ်.

ချစ်တဲ့ လမင်းမလေး ရေ. နှင်းသည်းသည်းလှုပ်ရွာမှ ဆောင်းမဟုတ်ပါဘူး. မြူတွေဆိုင်းလဲ ဆောင်းပဲလေ. ငါ့တို့ရဲ့ သံယောဇဉ်တွေခိုင်မြဲ လမ်းမခွဲကြေးပေါ့ ကောင်မလေး ရယ်.
အမြဲအေးမြကြတာပေါ့.

ချစ်တဲ့ လမင်းမလေး ရေ. အလွမ်းကို ပူလောင်စေမဲ့အစား အဆိပ်ကို ဆေးဖြစ်စေတဲ့နည်းနဲ့ ငါ့တို့နီးကြဖို့ ဆုတောင်းပါကွယ်.
နည်းပါးလွန်းတဲ့ ငါ့တို့ရဲ့ တွေ့ဆုံချိန်တွေကို အခန်းလွတ်တစ်ခုထဲမှာ ပိတ်သိမ်း အကြင်နာကို ပြဒါးလိုလိမ်းသုတ် ဝေးနေတဲ့ နာရီတွေကို အစိမ်းချုပ်ချုပ်လိုက်မယ် သံသရာတစ်လျှောက်လုံးနီးဖို့ပေါ့ ငါ... သိပ်ချစ်တဲ့ လမင်း ရယ်.

စောင့်လို့ကြိုဖို့တော့..... ပြင်ဆင်ထားပေါ့ လမင်း ရယ်.
လမင်း ကို သိပ်ချစ်တယ်.

Read Users' Comments (0)

ကဗျာရယ်

ကျွန်တော့ဘ၀ကကဗျာလေးလိုပါပဲဗျာ
အနစ်နာ
ဝါသနာ
စေတနာ
နာ.သုံး.နာရဲ့
တစ်ဖက်စွန်းမှာ
ဝေဒနာဆိုတာ
တစ်ခါတစ်ခါပေါ်လာရင်
ကျနော်အတွက်
ကဗျာသာလျှင်
ဖြေစရာပါဘဲ ။ ။

---------------------------------------------------------------------------------------------


Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

မျောလွင့်အိပ်မက်




ဖမ်းဆုတ်ရာ တိမ်စိုင်တစ်ခု
မျှောလွင့်ရာ ၀ိညာဉ် တစ်စုံ
ဖမ်းဆုတ်မရတဲ့ လေဟာနယ်ထဲမှာ
မျောလွင့်ရင်းနဲ့ပဲ မျောလွင့်နေတယ်....
အစီအစဉ်ကျတဲ့ ဇတ်ကွက်တွေထဲက
အစီအစဉ်မကျတဲ့ အတ္တပုံရိပ်တွေကြောင့်
ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်နေတုန်း
ချောက်နက်နက်ထဲကို ထိုးကျသွားပြန်ရော....
အင်း.. တွေ့ပြန်ပါပြီ
အဲဒီကောင်မလေး.. ဒီချောက်ထဲမှာပဲ
အပ်ချည်ကြိုးနဲ့ ငါ့ကို ဆွဲတင်ဖို့
လုပ်နေပါရောလား..
ပြောခဲ့ပါရစေ ကောင်မလေးရယ်
ဘ၀တစ်ခုလုံးကို မင်းအနားမှာ
ပေးဆပ်ပါရစေလို့...
ဒီလိုနဲ့ သွားရင်း
ခြေရာတွေ ကမ်းခြေမှာ ထင်ကျန်
လှိုင်းတွေအောက်မှာပဲ ပျောက်ဆုံး
ခုန်ပေါက်နေတုန်းတော့ ဘာမှ မသိပြန်ဘူးတဲ့

အဲ
သိတဲ့ အချိန်ကျတော့
ကျွန်တော်လေ..
ကုတင်အောက်ကို ပြုတ်ကျလို့
လန့်နိုးခဲ့ပါရောလား..:Pဟီးဟီး........

အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ




Read Users' Comments (0)

ဧည့်သည်

ရင်ခွင်မြို့ထဲကို
မခေါ်ပါပဲ
ရင်ထဲကိုအလည်လာတဲ့ ချစ်သူ။ ။

နှလုံးသားပန်းကြွေ ကဗ္မလာမှာ
ကြုံကြိုက်တုန်းခဏ
တစ်ရေးလောက်မှေးစက်
ပြီးတော့ အဝေးကိုပြေးထွက်သွားပြန်တယ်။ ။

မင်းမရှိတော့တဲ့နောက်
ကိုယ့်နှလုံးသားနေရာလေး
ကိုယ်သင်းရနံ့ကလေးမွှေးနေမြဲကွယ်။ ။

တည်ငြိမ်နေတဲ့အသည်းကတော့
နှင်းမြူတွေလိုအေးစက်သွား
အချစ်တွေနင်ယူသွားတော့ ချစ်သူ ရယ်။ ။Type your summary here

Type rest of the post here

Read Users' Comments (0)

ပန်းပျိုးသူ



ရင်ထဲကနေ မြတ်နိုးလို့
သံယောဇဉ်တွေ တနင့်တပိုး
စိုက်ပျိုးထားခဲ့ရတာပါ

ချစ်ခြင်းတရားကိုပျိုးကျဲ
မိုးထဲလေထဲမှာလည်း
ခံစားချက်တွေတူးဆွနေဆဲပေါ့

အလွမ်းပေါင်းမြက်တွေ ရှည်လာတိုင်း
သမုဒယလှိုင်းတွေနဲ့ပေါင်းသင်
ငါ့ရဲ့ တံစဉ် က
မင်းဘ၀ကိုအုပ်မိုးပေးမယ့် ရင်ခွင်ပါကွယ်

အရိပ်တစ်ကြည့်ကြည့်နဲ့ ယုယခဲ့တယ်

ဟော...
လေတိုက်ရင်ယိမ်းတဲ့
င့ါအပင်စိမ်းစိမ်းကလေး ရှင်သန်လာခဲ့ပြီ
မင်းဘယ်လို သစ်ပင်လဲ
မင်းမှာ ဘယ်လိုရနံ့မျိုးရှိသလဲ
မင်း ဘယ်သူ့အတွက်ကြီးပြင်းခဲ့မလဲ

ငါ...မမေးရဲဘူး

မင်းရဲ့ အချစ်ပန်းလေး ပွင့်ဖို့အတွက်
ပေးဆပ်ခဲ့ရတယ်
ဥယျာဉ်မှူးတစ်ယောက်ရဲ့ ဘ၀မှာ
ပန်းခူးခွင့်မှမပါတာကွယ်


ဘာပဲဖြစ်ဖြစ် ...
ဘယ်သူအတွက်ပွင့်ပွင့်ကွယ်


ငါ... နင့်ကို
ရင်နင့်အောင်မြတ်နိုးလို့
ပန်းပျိုးခဲ့တယ်....... ။ ။
Type your summary here

Type rest of the post here

Read Users' Comments (0)

ကဗျာ


ချစ်သူရယ်

တန်ခိုးရှင် တစ်ဦးကသာ
ငါရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင်
ငါအလိုချင်ဆုံးဆုက
ဖျက်ကနဲ့ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့ မျက်တောင်တွေရဲ့လှုပ်ရှားမှု တိုင်းမှာပဲဖြစ်ဖြစ် တဒိတ်ဒိတ်မြည်နေတဲ့ ငါ့နှလုံးသားရဲ့
ရင်ခုန်သံတိုင်းမှာပဲဖြစ်ဖြစ်
အိပ်စက်ခြင်းတွေရဲ့ ဟိုး ဘက်က အိပ်မက်တွေထဲ တွေ့မှာဖြစ်ဖြစ်
'' မင်းနဲ့ စက္ကန့်ပိုင်းလောက်ပဲရှိတဲ့ ဆုံဆည်းမှု လေးတစ်ခု ကိုပါ ''
ချစ်သူရယ်

....................................................
:P
.. zawko..





-----------------------------------------------------------------------------------------------




ချစ်သူ


chatting thesis နဲ့ Internet course မှာ
solid distinction ရခဲ့တဲ့ နင်ရဲ့ ကျွမ်းကျင်မှု ကို
account အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့မိတဲ့ ငါရဲ့ IP address ကို
ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့
ချစ်သူ.............................
နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာ မဟုတ်လို့
နင်ရဲ့  talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့
ငါရဲ့နှလုံးသားကို
ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး
ချစ်သူ.............................
မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့
ငါရဲ့ နှလုံးသားကို
အလျင်စလို delete မခေါက်လိုက်ပါနဲ့
ချစ်သူ...............................

--------------------------------------------------

ချစ်သူ

ငါဟာငါ register လုပ်ခဲ့ပြီ
ငါဟာငါမေ့နေတဲ့ ငါနှလုံးသား password ကို
နင်တစ်ယောက်ထဲသိပါတယ်
ချစ်သူ..............................
ကျေးဇူးရှင် chat senior များရဲ့ 
သွန်သင်ဆုံးမ မှု ကို နားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့
နင့်ရဲ့  နှလုံးသားကိုလည်း
ငါ hack လုပ်လို့ မရခဲ့ပါဘူး
ချစ်သူ.................................
ချစ်သူ တကယ်တော့....
ငါဟာနင့်ရဲ့  ဘ၀ထဲကို
လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့ သူလေ ။ ။
:P zawko...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပိုင်ဆိုင်ခွင့်

မင်းမချစ်ရင်လည်း အဝေးက ကြည့်နေရုံပဲပေါ့
ငါကို ချစ်ပါလို့ ပြောခွင့်မှ မရှိတာ
မင်းမုန်းရင်လည်း အဝေးက ချစ်နေရုံပဲပေါ့
ငါကို မမုန်းပါနဲ့လို့ တားခွင့်မှ မရှိတာ
မင်းသတိမရရင်လည်း အဝေးက တမ်းတနေရုံပဲပေါ့
ငါကို သတိရပါလို့ ပြောခွင့်မှ မရှိတာ
မင်းဂရုမစိုက်၊ လျစ်လျူရှူထားရင်လည်း အဝေးက တောင်းတနေရုံပဲပေါ့
ဂရုစိုက်ပါ၊ လျစ်လျူမရှူပါနဲ့လို့ တောင်းဆိုခွင့်မှ မရှိတာ
ချစ်ခြင်းတစ်ခုမှာ
ပိုင်ဆိုင်ခြင်းတွေ ရှိမယ်ဆိုတာ
ငါ ယုံကြည်တယ်လေ
တရားဝင်ပိုင်ဆိုင်ခွင့် မရှိတောင်
ငါရဲ့စိတ်ကူးတစ်ခုမှာ
ငါဟာ မင်းရဲ့ချစ်သူ ဖြစ်ခွင့်ရှိလေရဲ့
အဲ့ဒီမှာ အမုန်းမရှိဘူး
လွမ်းခြင်းတော့ ရှိမှာပေါ့
မင်းမှ မရှိတာ……။

;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;


ချစ်သူဆိုတာဘယ်လိုပုံလဲ..ဒီထဲက

အတိုင်းလား

ကျွန်တော့်အမြင်ကိုပြောပြမယ်နော် ...
**************************************


ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ ...

၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ...
(လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ...)

၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ...
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ ...)

၃)ချမ်းအေးတဲ့  ဆောင်းမနက်ခင်းမျိုးမှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ...
(လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ...)

၎)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ...
(မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။...သို့ သော်လိုအပ်လာလျှင်
သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ... Cry on my shoulder...လို့ ပြောတတ်သူ...)

၅)Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ ...

၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ ...

၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ...
(တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ
စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ ...)

၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ...
(သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့ လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ ...)

၉)ငါဒီလောက်ဆိုးတာနင်ဘာလို့ ချစ်တာလဲလို့ မေးတိုင်း..ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ...

၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ...
(ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ ...တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ ...)



ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက ...
---------------------------------------------------

၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ ...
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ ...
အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)

၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ ...

၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...

၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...

၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ ...(ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)

၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ ...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...

၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့  ရဲဝင့်စွာကြွေးကြော်တတ်သူ ...

၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ...
(သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)

၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက် လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ...
(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)

၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ...
( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ ...):P

Read Users' Comments (0)

© All Rights Reserved. ကဗျာချစ်သူ