♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

ရှင်သန်ဆဲ..နှလုံးသား.. ♥ ...



မင်းအတွက်ခံစားချက်နဲ့
အစပြုထားတဲံ့
ငါ့ရင်ထဲကကြင်နာခြင်းတွေ...............
ငါ့အတိတ်တွေဘယ်လိုပဲဖြစ်နေပါစေ
ခွင့်လွှတ်တယ်ဆိုတဲ့
မင်းရင်ထဲကကြင်နာခြင်းတွေ...........
ချစ်သူရေ............
သံယောဇဉ်နှောင်ဖွဲ့ထားတဲ့ ကြင်နာခြင်းတွေ
တို့ရင်ထဲမှာ.............ထပ်တူမျှခဲ့ပြီးမှ
သံသယတွေနဲ့
တို့ချစ်ခြင်းကိုအသက်သွင်းမလား။
ရှေ့ဆက်မယ့်မနက်ဖြန်မှာ
တို့နှလုံးသားထပ်တူကျဖို့
မာနတွေခါချပြီး
ငါ့ရင်ထဲဝင်ကြည့်လှည့်ပါ
မင်းအတွက်ချစ်ခြင်းတွေလေ
ငါ့နှလုံးသားထဲမှာ
ရှင်သန်နေဆဲပါကွာ................................။



♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♣သူသိစေဖို့♣



ဆယ်နှစ်လရာသီလို...........
ဟောင်းပြီးရင်အသစ်မဖြစ်နိုင်တဲ့ 
တို့ ရဲ့ ရင်ခွင်အိုကို စွန့် သူရေ...............

နွေရာသီရဲ့ အလှကိုစာပန်းချီခြယ်သသော်လည်း
တို့ ရင်မှာလေ..........
နေပူမှာလေပြင်းတိုက်နေတဲ့ ........
အာဖရိကတိုက်ကိုရောက်နေသလိုပါပဲ...............

ဝသန်မိုးရဲ့  အလှကိုလေ
ခံစားတက်တဲ့  တို့ ရင်ခွင်ဟာလေ..........
မင်းထားခဲ့တဲ့  အချိန်ကစပြီး........
အိုင်လယ်ကယင်ကောင်လေးလို........
လွတ်မြောက်ရာကိုကူးခတ်နေမိရဲ့ ...........

ဒီဇင်ဘာရဲ့ အလှ........
ဆရာဖေပြောတဲ့  အချမ်းကဲတဲ့ ညတွေမှာလေ.....
ပူလောင်တဲ့  တို့ ရင်ခွင်အတွက်....
ဆရာဖေတောင် ပိုတယ်လို့ ထင်မိရဲ့ .................

အပြစ်တင်လဲ ခံရတော့ မယ်
တို့ ရဲ့ အဖြစ်ကလေ......
မင်းထားတဲ့ အချိန်ကစပြီး..........
လှပတဲ့ သဘာဝရာသီလဲ.........................
ကျိုးပဲ့ ကာ.....တို့ လိုခံစားစေမိရဲ့ ..............




♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♣တိုင်တည်ခြင်း♣


အထီးကျန်ဆန်တဲ့
လောကကြီးထဲမှာ
ဆက်လက်ရပ်တည်ဖို့
အင်အားတွေ ပေးပါ…
မနက်ဖြန်ဆိုတာကို
ယုံကြည်ချက် ထားဖို့
သတ္တိတွေ ပေးပါ….
အချစ်ဆိုတာကို
မခံစားတတ်ဖို့
ရက်စက်တဲ့
နှလုံးသားတစ်စုံ ပေးပါ….
မျက်ရည်ဆိုတာကို
မသိအောင်လို့
ခါးသီးတဲ့
မျက်ဝန်းတစ်စုံ ပေးပါ…..
လူဆိုတာ နာကျည်းဖို့
အတ္တတွေ ပေးပါ……
အို အသင်လောက………
ငါ့အားဘယ်သူမှ
မသိအောင်
တိတ်တိတ်လေး
ထွက်သွားခွင့် ပေးပါ….
သေဆုံးခြင်း
မဟုတ်ဘူးနော်…ပျောက်ကွယ်ခွင့်……
♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♣အမြင့်မြတ်ဆုံး သူရဲကောင်း♣

အမြင့်မြတ်ဆုံး သူရဲကောင်း

အမေတစ်ယောက်လို
တေးဆိုကာ မချော့တတ်ပေမယ့်
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထိ
အချစ်တွေ ရှိနေတဲ့ …..အဖေ
လောကဓံ လေပူလှိုင်းတွေ
ရိုင်းစိုင်းစွာ တိုက်ခတ်နေသည့်တိုင်
ခိုင်မာသော စိတ်ဓာတ်များနဲ့
မိသားစု ရှေ့ရေးအတွက်
ခရီးဆက်ခဲ့သူ …..အဖေ
သင်္ခါရ သဘောတရားရဲ့အောက်မှာ
ဒူးထောက်ကာ အဖေရှုံးနိမ့်ခဲ့သည့်တိုင်
ကျွန်တော့် အသည်းနှလုံးမှာတော့
“အမြင့်မြတ်ဆုံး သူရဲကောင်း”…တံဆိပ်နဲ့
ခတ်နှိပ် ဂုဏ်ပြုလိုက်ပါတယ်…..အဖေ…။
ရေးသူ – ကိုရင်လေး

♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♣တိတ်တိတ်လေးပဲကောင်းတယ်♣


ငါ့ချစ်ခြင်းကို မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမယ်...

ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
မျက်စိနှစ်လုံးကို စုံမှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲ နေတစ်စင်းအရည်ပျော်သွားသလို...

သူ့ကိုစတွေ့ကတည်းက
သဘောကျခဲ့တဲ့ငါ
မလှမ်းမကမ်းမှာ ရုတ်တရက်
လှမ်းလှမ်းတွေ့လိုက်ရရင်
ငါငေးငေးမိသွားတယ်။

လျှောက်ခဲ့ကြတဲ့လမ်းက တူပေမယ့်
ဦးတည်ရာခရီးက တစ်ခြားဆီလေ
သူ့ဘက်က လှည့်ကြည့်ခဲ့ရင်တောင်
သူလှည့်ကြည့်တာကို သိနိုင်ဖို့
ငါ ရပ်ပြီး ငေးမနေချင်တော့ဘူး။

အဝေးက မြင်နေရရုံ
စိတ်ထဲက တွေးနေရရုံနဲ့
ငါ့နှလုံးသားကို ဖြေသိမ့်ရင်း
တိတ်တိတ်လေး ဆွေးနေပါတော့မယ်။





♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♣ခေတ်သစ်နှလုံးသား♣



မခေါ်ဘဲနဲ့ဝင်လာရောက်လာတဲ့
ပျော်ရွှင်မှုတစ်ခုကို

Download လုပ်ပြီး
File တစ်ခုအဖြစ်
နှလုံးသားတစ်နေရာမှာ
Save As လုပ်ထားခဲ့တယ်........
တိမ်းညွှတ်လွယ်တဲ့ ငါ့နှလုံးသားကို
လျှို့ဝှက်မှုတွေ လွှမ်းခြုံထားတဲ့
Entertainment တွေနဲ့
လှည့်စားခဲ့ပြန်တယ်..................
အသိစိတ်ရဲ့ Warning တွေကြောင့်
သာယာနေတဲ့ မသိစိတ်ကို
Delete လုပ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ငါ
နှလုံးသားရဲ့ Recycle Bin ထဲက
နှင်ထုတ်ဖို့တော့
မကြိုးစားရက်ခဲ့ပါဘူးလေ............




♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♣ကျန်ရစ်သူ♣






♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

AVATAR MOVIES

နာမည်ကြီးဇာတ်ကားလေးမို့ ကြည့်နိုင်ရန် စီစဉ်ပေးထားပါတယ်............




အောက်တွင်ဖော်ပြထားသောနေရာတွင် ကလစ်ပြီး ကြည့်ရှူ့ ရန်လင့်သို့ သွားပါ လင့်သို့ရောက်လျှင် Close Me ကို ပိတ်ပြီး Play icon လေးကိုနှိပ်လိုက်ပါ. အဆင်ပြေမယ်ထင်ပါတယ်


ဒီမှာကြည့်ရန်ကလစ်ပါ







♥အားလုံးပျော်ရွင်မှူရသတွေ ခံစားနိုင်ကြပါစေဗျာ♥.......................................

♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♥ချစ်သူသို့♥ လွမ်းခြင်းများ.........








♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♥ဝေးခဲ့ရသူအတွက်♥








♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

ဆေးရောင်ချယ်အိမ်မက်









♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♥%♥လမ်းခွဲခြင်း♦





မဆုံနိုင်တော့တဲ့ အချစ်
ရဂုံမြိုင်လမ်းမှာ ကျောခိုင်းရင်း
မျက်ရေတွေ ဖောင်ဖွဲ့
အလွမ်းတွေကို ကမ်းမျှောရင်း
နာကျင်ခြင်းနှင့် ဆုတ်ခွာ
ရင်မှာ ဒဏ်ရာတွေနှင့်
ကာရန်မဲ့တဲ့ သီချင်း
ဖောက်ပြန်တဲ့ သံဇဉ်တွေနှင့်
ဂစ်တာအိုလေး တစ်လက်ရယ်
ဟစ်ကြွေးပြတဲ့ ကိုယ့်ဝေဒနာကို
ချစ်သူ မသိနိုင်တော့ပါဘူး........
နောက်ဆုံး...အမုန်းတွေမရှိတဲ့
လမ်းခွဲခြင်းတွေနဲ့ ကျောခိုင်းနှုတ်ဆက်
စည်းတစ်ဖက် ခြားတဲ့
ချစ်ခြင်း တွေနဲ့အတူ
ဒီဘ၀မှာ ကံမဆုံနိုင်တော့တဲ့
တို့နှစ်ယောက်ရဲ့ အချစ်တွေအတွက်
ကံကြမ္မာကိုပဲ
ယိုးမယ်ဖွဲ့တော့မယ် ချစ်သူရယ်.....






♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♦Enrique lglesias သီချင်းများ♦



















♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♥ငါ့အလွမ်း♥






အချစ်ရယ် . . .

မယုံနိုင်လောက်အောင်

အချိန်တိုအတွင်းမှာရူးမိုက်စွာချစ်ခဲ့မိတဲ့ငါ

မင်းအရိပ်မင်းအသံတွေကို . . .

ပန်းနုရောင်အိပ်မက်ထဲမှာတမ်းတရင်း

ငါ . . . ကဗျာတွေကို ချစ်နေချင်လို့ ။



. . . ချစ်ဆုံးရေ . . .

လိုချင်တာများစွာနဲ့လွှဲခဲ့တဲ့ငါ့အတွက်

နှလုံးသားတစ်စုံတော့ . . . အပိုင်ပေးခဲ့ပါ



. . . ငါ . . .

အချစ်တစ်ခုကို

ယုံကြည်ခြင်းနဲ့ပိုင်ဆိုင်ချင်လို့



ချစ်သူ

ဝေးသင့်လို့

ဝေးခဲ့ကြရပြီပဲ



နီးစပ်ဖို့လည်းမကြိုးစားချင်ဘူး

ဒါပေမယ့်မင်းသောက်ခဲ့တဲ့ကော်ဖီတစ်ခွက်

မင်း ပြောခဲ့တဲ့ စကားတစ်ခွန်း

မင်း ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်

အခါခါလွမ်းရင်းမရေမတွက်နိုင်အောင်လွမ်းနေဦးမယ်

♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

ကွုန်တော့ ရည်စားစာ




>> မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာ တကယ်ပါ
>> ရှောက်သီးလိုလျှောက်ဖြီးတာ မဟုတ်ပါဘူး
>> မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီး လျှောက်ကြည့်ပါလား
>> နေကြာစေ့လိုရင်မှာ ပွေ့ပြီး
>> ထန်းမြစ်လိုအရမ်းချစ်တာပါ ချစ်သူရယ်...
>> ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်း မဟုတ်ပါဘူး
>> ဒညင်းသီးလိုအပျင်းကြီးတဲ့မင်းကို
>> ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
>> ငါးပိချက်လိုအသိမခက်ပါနဲ့တော့
>> တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့
>> မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါတော့မယ်...........☺☺☺☺☺☺☺☺☺☺☺☺







♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♠♥♦♣...မာန... ♠♥♦♣






ကောင်မလေးတစ်ယောက်ပေါ့
မျက်ရည်တစ်စက်နဲ့
အသဲထက်ကဒဏ်၇ာတွေကို
ရေတွက်နေလေရဲ့.......

အားလုံးပြီးဆုံးသွားချိန် ခံစားရချိန်မှာတောင်
ဟန်ဆောင်တတ်သူ တို့အပြုအမူဟာ
မာမာတင်းတင်းနဲ့အသဲမာသူကြီး
အကြင်နာတရားမ၇ှိသူလို
ဖြစ်နေခဲ့တယ်နော်.........

ဂရုဏတွေပြည့်နေတဲ့နှလုံးသားကို
အပေါ်ယံအမုန်းတရားတွေနဲဖုံးကွယ်
ဒီပွဲမှာနင်ရှုံးတယ်တယ်လို့
ထင်နေကြမယ်...........။

အမုန်းရှိနေတဲ့နှလုံးသား
အရှုံများနေတာသိရဲ့နဲ့
ရင်ထဲကအမုန်းတွေကို
မောင်းမထုတ်နိုင်ခဲ့......။

ကံကြမ္မ၇ယ်...
.အမုန်းတွေရှိနေတဲ့နှလုံးသား
(တစ်ချိန်ချိန်မှာကွဲအက်သွားနိုင်သလား)?

ကွဲအက်တဲ့အခါအမုန်းတွေဖယ်ခွာလို့
အပြုံးစစ်ကိုပိုင်ဆိုင်ရ၇င်ဖြင့်
တို့......ကျေနပ်စွာနဲ့ကို

ကွဲအက်လိုက်ချင်ပါတယ်............။





♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

♦တိုးတိတ်အလွမ်း♦




အလွမ်းတွေသာ............ပန်းပမာဝေခဲ့ရင်
မြင်ကြည့်လိုက်စမ်းပါ...................သခင်
ဒီကမ္ဘာတခွင်လုံး.....ပန်းရိုင်းတို့ပွင့်နေမယ်
လွမ်းရသမျှတေးသီရလျှင်......သံစဉ်တွေမဆုံး
ကမ္ဘာပျက်သုဉ်းတဲ့ထိ......နာဆင်ကြည့်သခင်
ကိုယ့်မေတ္တာတွေ......သခင်အသက်ဆုံးတဲ့နေ့မှ
သီကုံးလို့ပြီးမယ်ထင်ရဲ့...............................
အလွမ်းသက်သက်....................ပန်းရမ္မက်နှင့်
ဆွယ်တော်မူပါ....................သခင်
ဝေဒနာဖြစ်သူသာ..................မကြေညာဝံ့ပြီမို့
တိုးတိတ်စွာခံစားရင်း..............................



♥ကဗျာချစ်သူ♥z@wko!


Read Users' Comments (0)

အလင်းမဲ့ မျက်ဝန်း


နာကျင်နေတဲ့ ဒဏ်ရာပေါ်
ညှာတာမှု ကင်းမဲ့တဲ့
ထိုးနှက်ချက်တွေ
အရက်စက်ဆုံး စကားလုံးတွေနဲ့
စာနာမှုမရှိဘဲ
အရှိန်ပြင်းစွာ
အရက်ပြန်ပမာ ဖိသိပ်လိုက်တယ်....

ကွဲအက်နေတဲ့ နှလုံးသားတစ်စုံ
ပြန်ဆယ်လို့မရတော့တဲ့
ဂုဏ်သိက္ခာတွေအတွက်
တစ်ချိန်တစ်ခါက
မပျက်မယွင်း ထားရှိဘူးတဲ့
သံယောဇဉ်ကြိုး နှောင်ဖွဲ့တမျှင်ကို
အသိအမှတ်ပြုတယ် ဆိုရင်ပေါ့...
သက်ညှာစွာ ဆုံးဖြတ်ပေးပါ....ချစ်သူ

အရာရာပြင်ဆင်ခွင့် မရှိရင်လည်း
စာနာမှုအတွက် ကျေနပ်ပါတယ်....
ညှာတာမှုအတွက် လေးစားပါတယ်...


ဒါတွေဟာ ဒဏ္ဍာရီတစ်ခု
ပြဇာတ်တစ်ပုဒ်သာ ဖြစ်ခဲ့မယ်ဆိုရင်
အလင်းမဲ့ မျက်ဝန်းတစ်စုံရဲ့
ပိုင်စိုးသူ ဖြစ်ချင်ပါတယ်...........
ဖြစ်ခွင့်ရှိမယ်ဆို ရင်ပေါ့.....


ကဗျာချစ်သူ.z@wko








Read Users' Comments (0)

အေးရိပ်







Read Users' Comments (0)

♥နင့်အချစ်ကဘယ်လိုမျိုးလဲ♥






Read Users' Comments (0)

♥မင်းလေးကိုချစ်လို့............♥


♥ငါပေးဆပ်ခဲ့သမျှဟာ

မင်းလေးကိုချစ်လို့.....
♥ငါချစ်ခဲ့ သမျှဟာလည်း
မင်းလေးကိုချစ်လို့.....
♥ငါလိုက်ရောပေးခဲ့သမျှဟာလည်း
မင်းလေးကိုချစ်လို့.....
♥မင်းလေးကို-----------------
..........ပေးဆပ်ခဲ့သမျှ
..........ချစ်ခဲ့သမျှ
..........လိုက်ရောခဲ့သမျှ အရာအားလုံးဟာ
♥ဘယ်လိုမှ......
နောင်တရစရာမရှိတဲ့အရာတွေပါ......

♥..
♥...
♥ခဏတာ....
♥ပျော်ရွှင်ယုံ.....ချစ်ခဲ့တာမဟုတ်ခဲ့ပါဘူး------
♥တစ်ဘ၀တာ......အတူနေဖို့
ရည်ရွယ်ခဲ့တာပါ-----
♥ငါ့အချစ်တွေလိုမျိုး ...........တကြိမ်တခါလောက်
♥အလှဲ့ပေးပါလား .............? ☺☺╟



မင်းလေးကိုချစ်လို့
ကဗျာချစ်သူ z@wko

Read Users' Comments (0)

လမ်းပြသူ




အချစ်တွေ စံပယ်လိုကြွေကြွေကျတာကို...
အလွယ်တကူ ရတယ်လို့ မထင်ပါနဲ့၊
မင်းဆံပင်မှာပန်ဖို့ တစ်ပင်တည်းပွင့်တာပါ.....


အလင်းတွေရဲ့ တောင်ပံနဲ့
ချစ်သူရေ.......... ကမ္ဘာတစ်ပတ် အပြည့်ပျံစမ်းပါ
ဟောဒီကောင် ရင်ဘတ်အကန်းကို
လမ်းပြမယ့်သူ မရှိလို့ပါ......





ကဗျာချစ်သူ..z@wko




Read Users' Comments (0)

အရင်တိုင်း.............






Read Users' Comments (0)

နေတတ်ပြီးသားချစ်သူ






Read Users' Comments (0)

♥ စိတ်သခင် ♥

စိတ်ကိုစေ၍
လေတွင်လှုပ်ရှား ၊ သစ်ပင်များသို့
မာန်အားပြည့်ဝ ၊ ရှိလိုလှလည်း
စွမ်းစ ကိုယ့်မှာ ၊ မပြည့်ပါခဲ့ ။

စိတ်ကိုစေ၍
ထက်ဗွေမိုးယံ ၊ တိမ်တိုက်ပျံသို့
အားမာန်ကြွတက် ၊ ရှိလိုလျက်လည်း
ကိုယ့်တွက်အားငယ် ၊ ညှိုးနွမ်းနယ်ခဲ့ ။

စိတ်ကိုစေ၍
နှုတ်ချွေလင်္ကာ ၊ တေးဂီတာသို့
သီကာဆိုကာ ၊ ပြုလိုပါလည်း
ရင်မှာလှိုင်းကြွ ၊ မောပါရခဲ့ ။

စိတ်ကိုစေခိုင်း ၊ မပြည့်တိုင်းပင်
ထိုင်းမှိုင်းနောက်ကျိ ၊ ရှိရဘိမို့
မြင်သည့်အရာ ၊ ထင်လာအရိပ်
တွေးစိတ်ဖယ်ရှား ၊ မှိတ်ထားမျက်စိ
ပျောက်သည့်ခဏ ၊ အိပ်လိုက်ရ၏ ။

နိုးလာသောခါ
ကိုယ့်မှာအားသစ် ၊ ပျိုမျစ်မျစ်တည့်
သစ်ပင်အများ ၊ လေကစားသို့
မိုးဖျားဝေယံ ၊ တိမ်တိုက်ပျံသို့ 
ကြည်လျှံမြူးကြွ ၊ တေးဂီတသို့ 
ပြည့်ဝအားမာန် ၊ သစ်သစ်ဖန်ခဲ့
တရံတဆစ် ၊ စိတ်များညစ်မူ
ပိုင်းဆစ်နှိမ်ချိုး ၊ စိတ်ကိုစိုး၍
လွှမ်းမိုးဝေဒနာ ၊ ပယ်ဖျောက်ပါယင်း
ထင်ရာလွင့်ချင် ၊ စိတ်သခင်အား
ထာဝစဉ် ထိန်းချုပ် နိုင်စေသတည်း ။
………………………………………………ဒီကဗျာကို ထွဏ်းနေနွယ်က
………………………………………………….၁၉၇၃ ခုနှစ်ကရေးဖွဲ့ ခဲ့တာပါ ။
………………………………………………………….သခင်ကြီး ရှာဖွေတင်ပြသည် ။
0န်ခံချက်။ ။ဧဒင်မှ ကူယူဖော်ပြချင်းဖြစ်ပါတယ်


Read Users' Comments (0)

အိမ်မက်နတ်သမီး



သူငယ်ချင်း ...
သူဟာ ...အလှတွေဖန်ဆင်း
လေညှင်းတွေလည်း သယ်ယူပေးပါသတဲ့ ။
တစ်ခါတစ်ခါ
လှိုင်းတွေပွေ့ချီ
သောင်ပြင်ပေါ်ပြေးတက်
တစ်ချက်တစ်ချက် ရယ်မောတတ်သေးတယ် ။
ညအခါ ..ကဗျာကိုဖန်ဆင်း
လကိုအံတုရင်းပေါ့
ရေပြင်ပြာပြာပေါ်
ဗေဒါတွေလည်း မျောလွင့်ပေးပါရဲ့။
တစ်ခါတစ်ခါ
လွမ်းစရာသံစဉ်တစ်ပုဒ်
တယောထိုးသံတွေလည်း
ဖန်တီးပေးပါရဲ့ ။
ဒါပေမဲ့ ..
တစ်ခါတစ်ခါ သူရက်စက်ရင်တော့
မင်း ...
တွေးလို့သာကြည့်ပေတော့ သူငယ်ချင်း ။ ။

Read Users' Comments (0)

တိတ်တခိုးချစ်သူ

ကောင်းကင်ပြာပြာအောက်မှာ
သူနဲ့ စတွေ့ ခဲ့တာ
ရေစက်လို့ ဆိုရမလား
ကံကြမာကဖန်တီးပေးတာလား..
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ပေါ့လေ..

တစ်စထက်တစ်စ
သိကျွမ်းရင်းနှီးလာတော့
အဖြူရောင်လေးကနေ
အရောင်တွေစွန်းထင်းလာခဲ့ရပြီလေ
စည်းတစ်ဖက်ခြားမှာနေနေရတဲ့ တို့ ဘဝ
ခံစားချက်တွေထုတ်ဖေါ်ချင်လဲ
အဲဒီကံကြမ္မာကပဲခွင့်မပြုလို့ 
နှုတ်ပိတ်ဆွံ့ အချင်ယောင်ဆောင်ခဲ့ရတယ်
သူပြောဖူးတဲ့ စကားလေး
မချစ်မိအောင်ကြိုးစားနေတယ်တဲ့ 
အတင်းကြိုးစားနေတဲ့ သူ့ ကို
ချစ်ပါလို့ မတိုက်တွန်းချင်တော့ပါဘူး

သူ့ ဆီကလဲဘာမှမလိုချင်တော့ပါဘူး
လောကကြီးမှာ
သူရှိနေသေးတယ်..
သူ့ ရင်ထဲမှာ
တို့ ရှိနေသေးတယ်ဆိုတဲ့အသိက
တို့ ရင်ကိုနွေးထွေးစေလို့ 
အဲဒီစိတ်နဲ့ ပဲ
ရောင့်ရဲနေတော့မယ်......။

Read Users' Comments (0)

ပန်း...သခင်သို့


အိပ်မက်အသွင် သခင်ပျော်မြူး
ရင်ခွင်ဦးမှာ စံဖူးပါရဲ့။
နုးညံ့တိတ်ဆိတ် မခေါ်ဖိတ်ဘဲ
ချစ်စိတ်သူပျိုး တိတ်တခိုးလျှင်
ပွင့်နိုးထိတ်ထိတ် ပန်လိုစိတ်ကို
မျိုသိပ်တမ်းတ လွမ်းထိရှလည်း
ဘ၀ခက်ခက် မတွယ်မက်စေ
သက်ဝေပွင့်ဖူး အချစ်ဦး....ပန်းသခင်
ညှိုးစိတ်ငြင်ငြို မမြင်လိုမို့ 
ကြင်လိုခက်ဝေး အိပ်မက်လေးမျှ
ချစ်ခွင့် ရကို ဘ၀ထင်ထင်
မနိုးချင်ခဲ့
သခင်....စံဖူး ရင်ခွင်ဦးရဲ့ 
အိပ်မက်...တစ်နေရာမှာပေါ့ ။

Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

ငါနင့်ကိုချစ်တယ်

ချစ်မိပြီဆိုကတည်းက
တမ်းတဖို့ဖြစ်လာပြီ
မင်း ရီတဲ့ ရယ်သံလေး
ငါ့ကို အလွမ်းတွေပေးပေါ့
မင်းအပေါ် စွဲလမ်းစိတ်နဲ့
တိတ်တိတ်ကလေး အမြစ်တွယ်
ချစ်တယ်ပြောဖို့လဲ
မ၀ံ့ရဲသေးဘူးကွယ်
အစကတည်းက
နီးစပ်ခဲ့ကြတာမဟုတ်ပေမယ့်
ဝေးနေရတာကြီးကို
စိတ်နာတယ်.
ငါ့ဘ၀ထဲ
အမြဲ မင်းအရိပ်တွေစိုးမိုး
မြတ်နိုးလို့လဲ မ၀ခဲ့ဘူးကွယ်
မပြောဘဲ သိနိုင်မယ့်
နည်းလမ်း....
စမ်းတ၀ါးဝါး ဖွေရှာ
လေထဲက
ကြင်နာနေရတုန်းပဲလေ
ကောင်မလေး ရေ...
မင်းအတောင်ပံတွေ မပါပဲ
ဒီအလွမ်းကို
ငါ ဘယ်လိုဖြတ်ကျော်ရဲပါ့မလဲ
ရင်ထဲကိုမြင်ကြည့်လှည့်ကွယ်
ချစ်တဲ့ စကားပြောကြားဖို့
အားအင်တွေ မွေးဖွားခဲ့တဲ့
ငါ......
ပြန်ကြင်နာမှာလား
ကောင်မလေး ရယ်....
ဒီတစ်ခါ
ငါတို့နှစ်ယောက်ဆုံရင်
ပုံပြင်ထဲကလို
ချစ်ရေးဆိုတော့မယ်
ငါ....နင့်ကို.... ချစ်တယ်လို့.

Read Users' Comments (0)

© All Rights Reserved. ကဗျာချစ်သူ