မျော်လင့်ချက်
ပြန်လာမလားလို့ မျှော်နေမိပေမဲ့
လမ်းဖျက်ခဲ့တဲ့ သူတစ်ယောက်အဖို့တော့
မနက်ဖြန်ဆိုတာ… ပြီးဆုံးခြင်းတဲ့လား၊
ပြောင်းလဲခြင်း..ဆိုတဲ့ နောက်တော့
ဒဏ်ရာကို သာတယ်… နာတယ်..
ကြေငြာမနေတော့ပါဘူး……။
အသိခေါက်ခက် အဝင်နက်တဲ့
နှလုံးသားအတွက်သာ၊ ဖြေသိမ့်ဖို့ လိုအပ်ခဲ့တာ
တကယ်တမ်းတော့…..
နင့်အတွက်သာဆိုရင်
ကဗျာတွေ… ကာရန်တွေ
ဘာတွေနဲ့မှ စာစီလို့မရပါဘူး။
ဒါပေမယ့်လည်းဟာ…
မျက်ရည်တွေနဲ့ ခင်းကျင်းပြမှ
အယူခံဝင်ခွင့်ရမယ်ဆိုလည်း
ဒီဘဝ…. ဒီမျှနဲ့သာ…..
ရှိပါစေတော့…… ။
တစ်ခုပဲ… ဆုတောင်းချင်ခဲ့တာပါ
ဖြစ်လေရာ ဘဝဆက်တိုင်း
ကျွန်ုပ်၏နှလုံးသား အစုံသည်
သံမဏိအတိပြီးရပါလို၏……။ ။
♥ကဗျာချစ်သူ♥z@wko!

Rangoon Time
Moscow Time





0 Response to "မျော်လင့်ချက်"
Post a Comment