ချစ်သော လမင်းမလေး

ချစ်တဲ့ လမင်းမလေး ရေ ငါလှမ်းသမျှ ခြေလှမ်း မင်းကို မလွမ်းတဲ့အခါ မရှိရပါဘူးကွယ်.
ဟောဟိုက ကောင်းကင်တစ်လျှောက် အစ...အလယ်... အဆုံး ငါ့မျက်လုံးကို ပိတ်ဖုံးထားတာ အမြတ်နိုးဆုံး မင်းရဲ့အပြုံးတစ်ခုပါ.
ချစ်တဲ့ လမင်းမလေး ရေ ချစ်လျက်နဲ့ဝေးနေခဲ့လည်း အတွေးထဲမှာ မင်းကွယ်ပျောက်သွားတဲ့အခါ မရှိရပါဘူး ကွယ်.
ဟိုရှေ့က ပေတစ်ရာလမ်းပေါ်မှာ အကြင်နာတွေကိုဖြန့်ခင်း ငါတို့ရဲ့ ဆုံဆည်းခြင်းကို သံယောဇဉ်တွေ ပေါင်းကူးပေးလိမ့်မယ်.
ချစ်တဲ့ လမင်းမလေး ရေ. ငါတန်ဖိုးထားတဲ့ မင်းရဲ့အကြင်နာလက်တစ်စုံကိုတွယ်
သတိရပေးပါ ချစ်သူ ရယ်. ကိုယ်ကတော့ မေ့လိမ့်မယ်မဟုတ်ဘူး.
ဒါပေမယ့် လမင်း ရယ်. တောင်ထိပ်မှာ တိုက်တဲ့လေညင်းနဲ့ တောင်ခြေမှာတိုက်တဲ့လေညင်း သတိရပုံခြင်းတော့ ကွာလိမ့်မယ်.
ချစ်တဲ့ လမင်းမလေး ရေ. နှင်းသည်းသည်းလှုပ်ရွာမှ ဆောင်းမဟုတ်ပါဘူး. မြူတွေဆိုင်းလဲ ဆောင်းပဲလေ. ငါ့တို့ရဲ့ သံယောဇဉ်တွေခိုင်မြဲ လမ်းမခွဲကြေးပေါ့ ကောင်မလေး ရယ်.
အမြဲအေးမြကြတာပေါ့.
ချစ်တဲ့ လမင်းမလေး ရေ. အလွမ်းကို ပူလောင်စေမဲ့အစား အဆိပ်ကို ဆေးဖြစ်စေတဲ့နည်းနဲ့ ငါ့တို့နီးကြဖို့ ဆုတောင်းပါကွယ်.
နည်းပါးလွန်းတဲ့ ငါ့တို့ရဲ့ တွေ့ဆုံချိန်တွေကို အခန်းလွတ်တစ်ခုထဲမှာ ပိတ်သိမ်း အကြင်နာကို ပြဒါးလိုလိမ်းသုတ် ဝေးနေတဲ့ နာရီတွေကို အစိမ်းချုပ်ချုပ်လိုက်မယ် သံသရာတစ်လျှောက်လုံးနီးဖို့ပေါ့ ငါ... သိပ်ချစ်တဲ့ လမင်း ရယ်.
စောင့်လို့ကြိုဖို့တော့..... ပြင်ဆင်ထားပေါ့ လမင်း ရယ်.
လမင်း ကို သိပ်ချစ်တယ်.

Rangoon Time
Moscow Time





0 Response to "ချစ်သော လမင်းမလေး"
Post a Comment