“ သူ “
တိတ်တဆိတ်ပဲပျော်ဝင်
အခု ငါနာကျင်နေတာ
ကြင်နာမိတာ များခဲ့လို့..... ချစ်သူ.
အသွေးအသားတွေကို
ဗလောင်ဆူစေခဲ့တဲ့အလွမ်း
ငါ့..... အာရုံတွေ
အခန်းပျက်စေခဲ့ပေါ့....
တစ်ကနေပြန်စဖို့ကြံလိုက်တိုင်း
နင့်ကိုချစ်တဲ့ အချစ်စိတ်လှိုင်းတွေက
ကမ်းကမခွာနိုင်ကြဘူးတဲ့လား.
ငါပဲ မှားခဲ့ပါတယ် ...... ချစ်သူ
ချစ်သူရေ....
နင့်ရင်ခုန်သံ ၀ိုင်ချိုတစ်ခွက်နဲ့
ငါ့အိပ်မက်ကို အဆိပ်ခတ်သတ်သွားတဲ့ည
နောက်ထပ်...
ဘာကိုမှ ထပ်မရချင်တော့ပါဘူး
မနက်ဖြန်ဆိုတာ မရှိတော့သလို
အတိတ်တွေ ပြန်ရှင်သန်မလာတဲ့ ဘဝ
အခုခဏပဲ နာကျင်ပါရစေ.
ငါပိုင်ဆိုင်ခဲ့သမျှ
ဘ၀တစ်ခုမှာ
တစ်ကြိမ်တစ်ခါသာချစ်တဲ့ အချစ်
အဲဒီအချစ်ကို ဆွဲနှစ်ခဲ့တဲ့မင်း
သံသရာအဆက်ဆက် အပြစ်ကင်းပါစေ.
သူ့တစ်ယောက်ကိုမြတ်နိုးလို့
နှလုံးသားအခိုးခံလိုက်ရတဲ့သူ
ထာဝရ....
ကြည်ကြည်ဖြူဖြူ ချစ်နေပါတော့မယ်ကွယ်

Rangoon Time
Moscow Time





0 Response to "“ သူ “"
Post a Comment