စာမေးပွဲ ကျတဲ့နေ့
Posted in | အချိန် 08:09

အဲဒီနေ့က ... သုညတွေ မွန်းကျပ်နေကြတယ် ...။ မျက်လုံးပေါင်းများစွာ ၀မ်းသာ ၀မ်းနည်း ကြေကွဲ ဆွေးမြေ့ ပျော်ရွှင် ကြည်နူး ငါ့အိပ်မက်တွေ ရေဖြစ်တဲ့နေ့ ... ငါ့ကျိန်စာတွေ သီချင်းလုပ်ဆိုတဲ့နေ့ ...။ အမှိုက်အိတ်ကြီးလို ခံစားရတယ် ... အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။
ငါက ဖိနပ်တစ်ဖက်လား?
ဖျာတစ်ချပ်လား?
ဓါးတစ်ချောင်းလား?
ဂစ်တာတစ်လက်လား?
မိုးတိမ်တစခုလား?
ကြယ်တစ်စင်းလား?
အဲဒီနေ့က ငါ့စိတ်တွေ မရေမရာနဲ့ ရေရေရာရာပဲ အောက်ဆုံးကို လွှင့်မျှောပြုတ်ကျ ...။ ငါဘာမှားလို့လဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင် ကံကြမ္မာက ကျယ်လွန်းတယ်။ ဘုရားသခင်က ကြွေအံ မကစားပေမယ့် အဲဒီနေ့က နတ်ဆိုးတွေ နိုင်သွားကြတာ သေချာပါတယ်။ ။
အချိန်လွန် နှင်းဆီ
Posted in | အချိန် 07:53

ရင်ခုန်သံတွေရဲ့ ပထမဆုံးခြေလှမ်း
တစ်လှမ်းတည်းလဲ နယ်ကျွံတယ်
ချစ်သူရဲ့...
စံပယ်လို အပြုံး
သံယောဇဉ်တွေ ချည်ထုံးခဲ့ပြီလေ
ငါ့အခန်းရှေ့က
မျက်ဝန်းလှလှလေးရဲ့ ခြေရာ
ဟောဒီလို ဆည်းဆာတွေတိုင်း
စောင့်မျှော်နေခဲ့ပေါ့
ချစ်သူရဲ့ ဦးထိပ်ထက်က
ပိတုန်းရောင်တွေ
ညရဲ့လေပြေမှာ ၀ဲပျံတဲ့အခါ
မပိုင်သူရဲ့ဝေဒနာ
ဖြေစရာ မျက်ရည်တွေပဲပေါ့
ကောင်းကင်ရဲ့ အလင်းကို
ရင်ဘတ်ကျဉ်းကျဉ်းထဲ
ဆွဲမခေါ်ရက်ပါဘူး.
အဝေးကြီးကနေ မြတ်နိုး
ငါစိုက်ပျိုးခဲ့တဲ့သစ်ပင်ကို
ငါပဲ ပျိုးပါရစေ....... ချစ်သူ.
အဲဒီလိုနဲ့...
ချစ်သူနဲ့ အနီးဆုံး
မမြင်ကွယ်ရာမှာ
သေနေတဲ့ ကမ္ဘာတစ်ခုဖန်ဆင်းခဲ့မိတယ်.
ငါ့ရင်ခွင်ဘယ်ဘက်အခန်းထဲက
အလွမ်းဖွဲ့တဲ့ ဝေဒနာတွေရဲ့တေးသွား
ကြားနိုင်မလား.... ချစ်သူ ရယ်.
ကိုယ့်သံယောဇဉ်အတိမ်အနက်
ကိုယ်ပြန်တိုင်းရင်း
အရာရာ နုံချာလွန်းတဲ့ဘဝ
ဆွံ့အသလိုနေတတ်ခဲ့ပါပြီ.
အချိန်ရဲ့တိုက်စားမှုနဲ့
ဆုတ်ဖြဲခံလိုက်ရတဲ့
အိပ်မက်ကို ရှင်လျက်သေစေခဲ့ပေါ့
ငါမြတ်နိုးတဲ့ ပိတုန်းရောင်တွေမှာ
အမိုးပြာပြာကလေး
အုပ်မိုးပေးသူရှိခဲ့ပြီ
ငါစွဲလမ်းတဲ့
လေးညှို့နှုတ်ခမ်းတွေမှာ
အနမ်းလိပ်ပြာတွေရစ်ဝဲခဲ့ပြီ
ချစ်သူရေ...
မင်းခြေလှမ်းတွေ ဟောင်းမသွားပေမယ့်
ငါ့မျှော်လင့်ချက်တွေ နှောင်းသွားခဲ့ပြီ.
အဲဒီလိုနဲ့...
လပြည့်ညတွေမှာ
တစ်ယောက်တည်းကြီးပြင်း
ငါ့ဘ၀ အလင်းမဲ့ခဲ့ပြီ..... ချစ်သူ.
ငါ မြတ်နိုးတဲ့ နှင်းဆီ
နှင်းဆီမြတ်နိုးတဲ့ ကြင်နာသူ
မင်းတို့လက်တွေ မခွဲအတူရှိနေနိုင်ပါစေ.
အခုတော့....
အခန်းရှေ့က
ကြင်နာသူရဲ့ စွယ်တော်လမ်းကလေး
လွမ်းလွမ်းဆွေးဆွေးပဲ
ငေးကြည့်ဖြစ်ခဲ့တယ်.
ဆိုင်သူမသိခဲ့တဲ့
ရင်ထဲက သံယောဇဉ်ကိုတော့
တစ်သက်လုံးအတွက်
သော့ခတ်လို့သိမ်းထားဖြစ်ခဲ့ပြီ....
နှင်းဆီရေ....
ပန်သူမရှိမှ ရဲရဲနီတဲ့
ရင်ထဲက နှင်းဆီသစ်ပင်လေးအကြောင်း
နောင်ဘ၀မှပဲ...
စာလုံးပေါင်းပြပါတော့မယ်...... ချစ်တဲ့ နှင်းဆီ.
Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်
!!!!ချစ်သူ!!!!
Posted in | အချိန် 13:32
!!!!ချစ်သူ!!!!
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းနဲ့တီးတိုးစကားတွေပြောမ၀သေးလို့
ကယောက်ဂယက်ငါ့စိတ်တွေက
လွမ်းရတဲ့အတိတ်ကိုတမ်းလို့ပေါ့
လွမ်းရတဲ့ငါ့အဖြစ်တွေကို
မင်းမြင်စေချင်လိုက်တာကွာ
ငါ့ကိုပြင်စေချင်တဲ့အကျင့်တွေ
ဘာမှမရှိတော့ဘူး ချစ်သူ
နှူတ်မဆက်ပါနဲ့ဦးနော်
ရုတ်တရက်ဆိုငါ့မှာ
မပြင်ဆင်နိုင်သေးလို့ပါ
အရင်လိုမြင်နေနိုင်ချင်သေးတယ်
နင်နေထိုင်တဲ့နေရာလေးဆီ
ငါအရောက်လာခဲ့မှာပါချစ်သူ……………..
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းပုံရိပ်တွေမပျက်ပြယ်နိုင်သေးလို့
မင်းဆိုနေကျသီချင်းတွေပြန်ကြားတိုင်း
ခံစားရတဲ့ငါ့စိတ်တွေသိပ်လေနေပြီ
ကြိတ်ဖြေစရာဘာမှမရှိတော့ဘူး
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းနဲ့အတူတူရှိနေဖူးချင်သေးလိုပါ
နှူတ်မဆက်ပါနဲ့ဦးနော်
ချစ်သူရယ်………………!!!!!

Rangoon Time
Moscow Time






