♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

!!!!ချစ်သူ!!!!

အရမ်းကောင်းတဲ့ကဗျာလေးပဲဗျာ Book Planet ထဲကကူယူထားတာပါ



!!!!ချစ်သူ!!!!

နှူတ်မဆက်ပါနဲ့ဦးနော်
မင်းနဲ့တီးတိုးစကားတွေပြောမ၀သေးလို့
ကယောက်ဂယက်ငါ့စိတ်တွေက
လွမ်းရတဲ့အတိတ်ကိုတမ်းလို့ပေါ့
လွမ်းရတဲ့ငါ့အဖြစ်တွေကို
မင်းမြင်စေချင်လိုက်တာကွာ
ငါ့ကိုပြင်စေချင်တဲ့အကျင့်တွေ
ဘာမှမရှိတော့ဘူး ချစ်သူ
နှူတ်မဆက်ပါနဲ့ဦးနော်
ရုတ်တရက်ဆိုငါ့မှာ
မပြင်ဆင်နိုင်သေးလို့ပါ
အရင်လိုမြင်နေနိုင်ချင်သေးတယ်
နင်နေထိုင်တဲ့နေရာလေးဆီ
ငါအရောက်လာခဲ့မှာပါချစ်သူ……………..
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းပုံရိပ်တွေမပျက်ပြယ်နိုင်သေးလို့
မင်းဆိုနေကျသီချင်းတွေပြန်ကြားတိုင်း
ခံစားရတဲ့ငါ့စိတ်တွေသိပ်လေနေပြီ
ကြိတ်ဖြေစရာဘာမှမရှိတော့ဘူး
နှူတ်မဆက်ပါနဲ့ဦးနော်
မင်းနဲ့အတူတူရှိနေဖူးချင်သေးလိုပါ
နှူတ်မဆက်ပါနဲ့ဦးနော်
ချစ်သူရယ်………………!!!!!



ဆန္ဒနဲ့ဘ၀တထပ်တည်းဖြစ်ကြပါစေဗျာ.......................zawko

Read Users' Comments (0)

0 Response to "!!!!ချစ်သူ!!!!"

Post a Comment

© All Rights Reserved. ကဗျာချစ်သူ