“ သူ “
အသွေးအသားတွေကို
တစ်ကနေပြန်စဖို့ကြံလိုက်တိုင်း
ချစ်သူရေ....
မနက်ဖြန်ဆိုတာ မရှိတော့သလို
ငါပိုင်ဆိုင်ခဲ့သမျှ
သူ့တစ်ယောက်ကိုမြတ်နိုးလို့
Posted in | အချိန် 20:10
Posted in | အချိန် 20:07

ချစ်တဲ့ လမင်းမလေး ရေ ငါလှမ်းသမျှ ခြေလှမ်း မင်းကို မလွမ်းတဲ့အခါ မရှိရပါဘူးကွယ်.
ဟောဟိုက ကောင်းကင်တစ်လျှောက် အစ...အလယ်... အဆုံး ငါ့မျက်လုံးကို ပိတ်ဖုံးထားတာ အမြတ်နိုးဆုံး မင်းရဲ့အပြုံးတစ်ခုပါ.
ချစ်တဲ့ လမင်းမလေး ရေ ချစ်လျက်နဲ့ဝေးနေခဲ့လည်း အတွေးထဲမှာ မင်းကွယ်ပျောက်သွားတဲ့အခါ မရှိရပါဘူး ကွယ်.
ဟိုရှေ့က ပေတစ်ရာလမ်းပေါ်မှာ အကြင်နာတွေကိုဖြန့်ခင်း ငါတို့ရဲ့ ဆုံဆည်းခြင်းကို သံယောဇဉ်တွေ ပေါင်းကူးပေးလိမ့်မယ်.
ချစ်တဲ့ လမင်းမလေး ရေ. ငါတန်ဖိုးထားတဲ့ မင်းရဲ့အကြင်နာလက်တစ်စုံကိုတွယ်
သတိရပေးပါ ချစ်သူ ရယ်. ကိုယ်ကတော့ မေ့လိမ့်မယ်မဟုတ်ဘူး.
ဒါပေမယ့် လမင်း ရယ်. တောင်ထိပ်မှာ တိုက်တဲ့လေညင်းနဲ့ တောင်ခြေမှာတိုက်တဲ့လေညင်း သတိရပုံခြင်းတော့ ကွာလိမ့်မယ်.
ချစ်တဲ့ လမင်းမလေး ရေ. နှင်းသည်းသည်းလှုပ်ရွာမှ ဆောင်းမဟုတ်ပါဘူး. မြူတွေဆိုင်းလဲ ဆောင်းပဲလေ. ငါ့တို့ရဲ့ သံယောဇဉ်တွေခိုင်မြဲ လမ်းမခွဲကြေးပေါ့ ကောင်မလေး ရယ်.
အမြဲအေးမြကြတာပေါ့.
ချစ်တဲ့ လမင်းမလေး ရေ. အလွမ်းကို ပူလောင်စေမဲ့အစား အဆိပ်ကို ဆေးဖြစ်စေတဲ့နည်းနဲ့ ငါ့တို့နီးကြဖို့ ဆုတောင်းပါကွယ်.
နည်းပါးလွန်းတဲ့ ငါ့တို့ရဲ့ တွေ့ဆုံချိန်တွေကို အခန်းလွတ်တစ်ခုထဲမှာ ပိတ်သိမ်း အကြင်နာကို ပြဒါးလိုလိမ်းသုတ် ဝေးနေတဲ့ နာရီတွေကို အစိမ်းချုပ်ချုပ်လိုက်မယ် သံသရာတစ်လျှောက်လုံးနီးဖို့ပေါ့ ငါ... သိပ်ချစ်တဲ့ လမင်း ရယ်.
စောင့်လို့ကြိုဖို့တော့..... ပြင်ဆင်ထားပေါ့ လမင်း ရယ်.
လမင်း ကို သိပ်ချစ်တယ်.
Posted in | အချိန် 13:21
အနစ်နာ
ဝါသနာ
စေတနာ
နာ.သုံး.နာရဲ့
တစ်ဖက်စွန်းမှာ
ဝေဒနာဆိုတာ
တစ်ခါတစ်ခါပေါ်လာရင်
ကျနော်အတွက်
ကဗျာသာလျှင်
ဖြေစရာပါဘဲ ။ ။
---------------------------------------------------------------------------------------------
Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်
Posted in | အချိန် 04:25
ဖမ်းဆုတ်ရာ တိမ်စိုင်တစ်ခု
မျှောလွင့်ရာ ၀ိညာဉ် တစ်စုံ
ဖမ်းဆုတ်မရတဲ့ လေဟာနယ်ထဲမှာ
မျောလွင့်ရင်းနဲ့ပဲ မျောလွင့်နေတယ်....
အစီအစဉ်ကျတဲ့ ဇတ်ကွက်တွေထဲက
အစီအစဉ်မကျတဲ့ အတ္တပုံရိပ်တွေကြောင့်
ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်နေတုန်း
ချောက်နက်နက်ထဲကို ထိုးကျသွားပြန်ရော....
အင်း.. တွေ့ပြန်ပါပြီ
အဲဒီကောင်မလေး.. ဒီချောက်ထဲမှာပဲ
အပ်ချည်ကြိုးနဲ့ ငါ့ကို ဆွဲတင်ဖို့
လုပ်နေပါရောလား..
ပြောခဲ့ပါရစေ ကောင်မလေးရယ်
ဘ၀တစ်ခုလုံးကို မင်းအနားမှာ
ပေးဆပ်ပါရစေလို့...
ဒီလိုနဲ့ သွားရင်း
ခြေရာတွေ ကမ်းခြေမှာ ထင်ကျန်
လှိုင်းတွေအောက်မှာပဲ ပျောက်ဆုံး
ခုန်ပေါက်နေတုန်းတော့ ဘာမှ မသိပြန်ဘူးတဲ့
အဲ
သိတဲ့ အချိန်ကျတော့
ကျွန်တော်လေ..
ကုတင်အောက်ကို ပြုတ်ကျလို့
လန့်နိုးခဲ့ပါရောလား..:P
အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ
Posted in | အချိန် 11:30
ရင်ခွင်မြို့ထဲကို
မခေါ်ပါပဲ
ရင်ထဲကိုအလည်လာတဲ့ ချစ်သူ။ ။
နှလုံးသားပန်းကြွေ ကဗ္မလာမှာ
ကြုံကြိုက်တုန်းခဏ
တစ်ရေးလောက်မှေးစက်
ပြီးတော့ အဝေးကိုပြေးထွက်သွားပြန်တယ်။ ။
မင်းမရှိတော့တဲ့နောက်
ကိုယ့်နှလုံးသားနေရာလေး
ကိုယ်သင်းရနံ့ကလေးမွှေးနေမြဲကွယ်။ ။
တည်ငြိမ်နေတဲ့အသည်းကတော့
နှင်းမြူတွေလိုအေးစက်သွား
အချစ်တွေနင်ယူသွားတော့ ချစ်သူ ရယ်။ ။Type your summary here
Type rest of the post here
© All Rights Reserved. ကဗျာချစ်သူ
