♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

လိပ်ပြာ



ကြည့်လေရာ...မျက်စိတဆုံး
နှင်းအတိဖုံးတဲ့...ဒီလွင်ပြင်ကြီးထဲ
ခြေလျင်သွားတဲ့သူတချို့
စွတ်ဖားလှည်းနဲ့ကတချို့
သွားနေခဲ့ကြ။
ခြေလျင်သမားရဲ့နောက်မှာ
ခြေရာ...
စွက်ဖားလှည်းရဲ့နောက်မှာ
လှည်းရာ...
ဘယ်မှာ...ဖျောက်လို့ရနိုင်မလဲ။
အချိန်နဲ့အမျှ
အကြိမ်ကြိမ်ကျတဲ့...နှင်းအောက်မှာ
ပျောက်ဆုံးခဲ့...အရာရာ
လိပ်ပြာ...ဒါပါပဲ။
တချိန်က...ဒီနှင်းအောက်မှာဘာရှိခဲ့တယ်ဆိုတာ...။


ဝန်ခံချက်။ ။တရာမင်းဝေ၏ ၀တ္ထုခေါင်းစဉ်းအားခံစားရေးဖွဲ့ပါသည်။





Read Users' Comments (0)

0 Response to "လိပ်ပြာ"

Post a Comment

© All Rights Reserved. ကဗျာချစ်သူ