အလင်းမဲ့ မျက်ဝန်း

နာကျင်နေတဲ့ ဒဏ်ရာပေါ်
ညှာတာမှု ကင်းမဲ့တဲ့
ထိုးနှက်ချက်တွေ
အရက်စက်ဆုံး စကားလုံးတွေနဲ့
စာနာမှုမရှိဘဲ
အရှိန်ပြင်းစွာ
အရက်ပြန်ပမာ ဖိသိပ်လိုက်တယ်....
ကွဲအက်နေတဲ့ နှလုံးသားတစ်စုံ
ပြန်ဆယ်လို့မရတော့တဲ့
ဂုဏ်သိက္ခာတွေအတွက်
တစ်ချိန်တစ်ခါက
မပျက်မယွင်း ထားရှိဘူးတဲ့
သံယောဇဉ်ကြိုး နှောင်ဖွဲ့တမျှင်ကို
အသိအမှတ်ပြုတယ် ဆိုရင်ပေါ့...
သက်ညှာစွာ ဆုံးဖြတ်ပေးပါ....ချစ်သူ
အရာရာပြင်ဆင်ခွင့် မရှိရင်လည်း
စာနာမှုအတွက် ကျေနပ်ပါတယ်....
ညှာတာမှုအတွက် လေးစားပါတယ်...
ပြဇာတ်တစ်ပုဒ်သာ ဖြစ်ခဲ့မယ်ဆိုရင်
အလင်းမဲ့ မျက်ဝန်းတစ်စုံရဲ့
ပိုင်စိုးသူ ဖြစ်ချင်ပါတယ်...........
ဖြစ်ခွင့်ရှိမယ်ဆို ရင်ပေါ့..... ကဗျာချစ်သူ.z@wko

Rangoon Time
Moscow Time





0 Response to "အလင်းမဲ့ မျက်ဝန်း"
Post a Comment