♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

ပန်း...သခင်သို့


အိပ်မက်အသွင် သခင်ပျော်မြူး
ရင်ခွင်ဦးမှာ စံဖူးပါရဲ့။
နုးညံ့တိတ်ဆိတ် မခေါ်ဖိတ်ဘဲ
ချစ်စိတ်သူပျိုး တိတ်တခိုးလျှင်
ပွင့်နိုးထိတ်ထိတ် ပန်လိုစိတ်ကို
မျိုသိပ်တမ်းတ လွမ်းထိရှလည်း
ဘ၀ခက်ခက် မတွယ်မက်စေ
သက်ဝေပွင့်ဖူး အချစ်ဦး....ပန်းသခင်
ညှိုးစိတ်ငြင်ငြို မမြင်လိုမို့ 
ကြင်လိုခက်ဝေး အိပ်မက်လေးမျှ
ချစ်ခွင့် ရကို ဘ၀ထင်ထင်
မနိုးချင်ခဲ့
သခင်....စံဖူး ရင်ခွင်ဦးရဲ့ 
အိပ်မက်...တစ်နေရာမှာပေါ့ ။

Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

1 Response to "ပန်း...သခင်သို့"

  1. Unknown says:
    19 December 2014 at 03:30

    မိုက်မိုက်

Post a Comment

© All Rights Reserved. ကဗျာချစ်သူ