♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

♥%♥လမ်းခွဲခြင်း♦





မဆုံနိုင်တော့တဲ့ အချစ်
ရဂုံမြိုင်လမ်းမှာ ကျောခိုင်းရင်း
မျက်ရေတွေ ဖောင်ဖွဲ့
အလွမ်းတွေကို ကမ်းမျှောရင်း
နာကျင်ခြင်းနှင့် ဆုတ်ခွာ
ရင်မှာ ဒဏ်ရာတွေနှင့်
ကာရန်မဲ့တဲ့ သီချင်း
ဖောက်ပြန်တဲ့ သံဇဉ်တွေနှင့်
ဂစ်တာအိုလေး တစ်လက်ရယ်
ဟစ်ကြွေးပြတဲ့ ကိုယ့်ဝေဒနာကို
ချစ်သူ မသိနိုင်တော့ပါဘူး........
နောက်ဆုံး...အမုန်းတွေမရှိတဲ့
လမ်းခွဲခြင်းတွေနဲ့ ကျောခိုင်းနှုတ်ဆက်
စည်းတစ်ဖက် ခြားတဲ့
ချစ်ခြင်း တွေနဲ့အတူ
ဒီဘ၀မှာ ကံမဆုံနိုင်တော့တဲ့
တို့နှစ်ယောက်ရဲ့ အချစ်တွေအတွက်
ကံကြမ္မာကိုပဲ
ယိုးမယ်ဖွဲ့တော့မယ် ချစ်သူရယ်.....






♥ကဗျာချစ်သူ♥z@wko!

Read Users' Comments (0)

0 Response to "♥%♥လမ်းခွဲခြင်း♦"

Post a Comment

© All Rights Reserved. ကဗျာချစ်သူ