♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

အိမ်မက်နတ်သမီး



သူငယ်ချင်း ...
သူဟာ ...အလှတွေဖန်ဆင်း
လေညှင်းတွေလည်း သယ်ယူပေးပါသတဲ့ ။
တစ်ခါတစ်ခါ
လှိုင်းတွေပွေ့ချီ
သောင်ပြင်ပေါ်ပြေးတက်
တစ်ချက်တစ်ချက် ရယ်မောတတ်သေးတယ် ။
ညအခါ ..ကဗျာကိုဖန်ဆင်း
လကိုအံတုရင်းပေါ့
ရေပြင်ပြာပြာပေါ်
ဗေဒါတွေလည်း မျောလွင့်ပေးပါရဲ့။
တစ်ခါတစ်ခါ
လွမ်းစရာသံစဉ်တစ်ပုဒ်
တယောထိုးသံတွေလည်း
ဖန်တီးပေးပါရဲ့ ။
ဒါပေမဲ့ ..
တစ်ခါတစ်ခါ သူရက်စက်ရင်တော့
မင်း ...
တွေးလို့သာကြည့်ပေတော့ သူငယ်ချင်း ။ ။

Read Users' Comments (0)

0 Response to "အိမ်မက်နတ်သမီး"

Post a Comment

© All Rights Reserved. ကဗျာချစ်သူ